သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း (၂၉) မျိုးကို FDA ထုတ်ပြန်၊ ရောင်းချသူများကို အရေးယူမည်

Feb 11 • 3:30 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း (၂၉) မျိုးကို FDA ထုတ်ပြန်၊ ရောင်းချသူများကို အရေးယူမည်

အာဆီယံဒေသတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးစနစ် (PMAS) အရ တွေ့ရှိရသော သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း (၂၉) မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (F...

အာဆီယံဒေသတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးစနစ် (PMAS) အရ တွေ့ရှိရသော သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း (၂၉) မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါပစ္စည်းများတွင် ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေပြီး ရေရှည်သုံးစွဲပါက အရေပြားယားယံခြင်းမှသည် ကျောက်ကပ်ပျက်စီးခြင်းနှင့် အာရုံကြောဆိုင်ရာရောဂါများအထိ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။ FDA အနေဖြင့် အဆိုပါပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်း (အွန်လိုင်းအပါအဝင်) လုံးဝမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။

news-view-count-icon

13