ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ လူငယ်ရိပ်သာပိုင် အားကစားကွင်းကို ဖျက်ဆီး၍ ဆိုင်ခန်းများ ဆောက်လုပ်ရောင်းစားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းဝေက ကြိုးပမ်းနေခြင်းအပေါ် ဒေသခံပြည်သူများက ပြင်းထန်စွာ ကန့်ကွက်နေကြသည်။ အဆိုပါမြေကွက်သည် လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုထားသည့် နေရာဖြစ်ပြီး လူငယ်များ အားကစားပြုလုပ်ရာ ပေ ၁၀၀ ပတ်လည်ခန့်ရှိသော ကွင်းတစ်ခုဖြစ်သော်လည်း၊ လက်ရှိတွင် ခြင်းခတ်ကွင်းအပါအဝင် နေရာအချို့ကို ဖျက်ဆီးကာ ဆိုင်ခန်းဆောက်လုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ မြို့ခံများက ကန့်ကွက်လက်မှတ်များ ရေးထိုး၍ သက်ဆိုင်ရာသို့ တိုင်ကြားထားသော်လည်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည့်အတွက် ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရှိရပါသည်။
တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်ရှိ လူငယ်အားကစားကွင်းကို ဖျက်၍ ဆိုင်ခန်းဆောက်လုပ်ရန် ကြိုးပမ်းမှုအပေါ် မြို့ခံများ ကန့်ကွက်
Feb 09 • 5:30 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 10 | 0 | 0 | 0 |


