ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းကနေ မေလလယ်အထိ ကျရောက်မယ့် အပူချိန်မြင့်မားတဲ့ ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ပန်းခြံတွေ၊ ဆိုင်ကယ်ကယ်ရီဂိတ်တွေ၊ ဈေးတွေနဲ့ လူနေထူထပ်တဲ့ ရပ်ကွက်တွေအပါအဝင် မြို့တစ်ဝန်းက အပူဒဏ်အန္တရာယ်ရှိနိုင်တဲ့ နေရာ ၃၇၉ ခုကို သတ်မှတ်ထားပါတယ်။ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိမရှိ ဆန်းစစ်ဖို့အတွက် အပူချိန်နဲ့ စိုထိုင်းဆကို တွက်ချက်ထားတဲ့ Heat Index အပေါ်မူတည်ပြီး အဆင့် ၄ ဆင့်ပါဝင်တဲ့ သတိပေးစနစ်ကိုလည်း မိတ်ဆက်ထားပါတယ်။ အဲဒီစနစ်မှာ စောင့်ကြည့်အဆင့် (အစိမ်း)၊ သတိပေးအဆင့် (အဝါ)၊ အန္တရာယ်ရှိအဆင့် (လိမ္မော်) နဲ့ အလွန်အန္တရာယ်များတဲ့အဆင့် (အနီ) ဆိုပြီး အရောင်တွေနဲ့ ခွဲခြားသတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။BMA အနေနဲ့ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး "Shaping a Cooler Bangkok" ဆိုတဲ့ ခေါင်းစဉ်နဲ့ အပူဒဏ်ကာကွယ်ရေး စီမံချက်တွေကိုလည်း အကောင်အထည်ဖော်နေပါတယ်။ ဒီစီမံကိန်းမှာ အပူဒဏ်အန္တရာယ်ပြမြေပုံ (Heat Mapping) ရေးဆွဲတာ၊ သတိပေးစနစ်တွေ ထုတ်ပြန်တာလိုမျိုး ရေတိုလုပ်ငန်းစဉ်တွေ ပါဝင်သလို သစ်ပင်စိုက်ပျိုးတာ၊ ရေကန်တွေ တိုးချဲ့တာနဲ့ ရာသီဥတုနဲ့ ကိုက်ညီမယ့် မြို့ပြစီမံကိန်းတွေ ရေးဆွဲတာလိုမျိုး ရေရှည်စီမံကိန်းတွေလည်း ပါဝင်ပါတယ်။
ဘန်ကောက်မြို့မှာ အပူဒဏ်အန္တရာယ်ရှိဇုန် ၃၇၉ ခု သတ်မှတ်ပြီး အဆင့် ၄ ဆင့်ပါ အပူချိန်သတိပေးစနစ် ထုတ်ပြန်
Feb 08 • 3:39 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


