၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို Hein ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် "ပန်းမြိုင်လယ်မှဥယျာဉ်မှူး" ဇာတ်ကားက ဆွတ်ခူးရရှိသွားခဲ့ပြီး အဆိုပါဆုကို အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ရှေ့ထွက်ကြေညာပေးခဲ့သည်။ ဆရာကြီးလယ်တွင်းသားစောချစ်၏ ဝတ္ထုကို ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က ရိုက်ကူးထားခြင်းဖြစ်ပြီး၊ အဓိကသရုပ်ဆောင်များအဖြစ် မြင့်မြတ်၊ နက္ခတ်၊ စိုးပြည့်သဇင်နှင့် မေမြင့်မိုရ်တို့က ပါဝင်အားဖြည့်ထားသည့် အဆိုပါဇာတ်ကားမှာ ပရိသတ်နှစ်သက်အားပေးမှုနှင့်အတူ ယခုကဲ့သို့ ထူးချွန်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်ပါသည်။
၂၀၂၅ ခုနှစ် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို "ပန်းမြိုင်လယ်မှဥယျာဉ်မှူး" ရရှိ
Feb 08 • 3:16 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 13 | 0 | 0 | 0 |


