ထိုင်း စားသောက်ဆိုင်လုပ်ငန်းတွေ ၂၀၂၆ ခုနှစ်မှာ ရုန်းကန်ရမည်

Feb 07 • 6:09 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း စားသောက်ဆိုင်လုပ်ငန်းတွေ ၂၀၂၆ ခုနှစ်မှာ ရုန်းကန်ရမည်

ခရီးသွားလုပ်ငန်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးတာ၊ လုပ်သားရှားပါးမှု ပြဿနာနဲ့ ကုန်ကျစရိတ် မြင့်မားနေတာတွေကြောင့် ဒီနှစ်မှာ ထိုင်း စားသောက်ဆိုင်လုပ်ငန...

ခရီးသွားလုပ်ငန်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးတာ၊ လုပ်သားရှားပါးမှု ပြဿနာနဲ့ ကုန်ကျစရိတ် မြင့်မားနေတာတွေကြောင့် ဒီနှစ်မှာ ထိုင်း စားသောက်ဆိုင်လုပ်ငန်းဟာ စိန်ခေါ်မှုများစွာနဲ့ ဆက်လက် ရင်ဆိုင်နေရပါတယ်။ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr Chanon က ခရီးသွား ဝင်ရောက်မှု အခြေအနေ မရေရာတာက ဆိုင်တွေအတွက် အခက်အခဲ ဖြစ်စေသလို ဝန်ထမ်းတွေကလည်း ခံစားခွင့်ပိုရတဲ့ ဆိုင်ကြီးတွေကိုပဲ ရွေးချယ်ကြတာမို့ ဆိုင်ငယ်လေးတွေမှာ လူမရှိတဲ့ ပြဿနာ ပိုဆိုးလာတယ်လို့ ပြောပါတယ်။ အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းတွေက ကြော်ငြာခတွေ တောင်းလာတာကြောင့် ဆိုင်တွေရဲ့ လည်ပတ်စရိတ် ပိုတက်လာပါတယ်။ နှစ်သစ်ကူးကာလပြီးနောက်ပိုင်း စားသုံးသူတွေရဲ့ သုံးစွဲမှု ကျဆင်းသွားပြီး လာမယ့် ဧပြီလ သင်္ကြန်ပွဲတော်အထိ ချွေတာမယ့်သဘော ရှိနေပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး မရေရာမှုတွေကြောင့် ဝင်ငွေတူရင်တောင် လူတွေက ပိုက်ဆံသုံးဖို့ တွန့်ဆုတ်နေကြပြီး ရာသီဥတု ဖောက်ပြန်မှုကြောင့် ကုန်ကြမ်းဈေးတွေ အတက်အကျ ဖြစ်နိုင်တာကလည်း နောက်ထပ် အန္တရာယ်တစ်ခု ဖြစ်နေပါတယ်။Siam Commercial Bank ရဲ့ EIC ဌာနကတော့ ဒီနှစ် စားသောက်ဆိုင်လုပ်ငန်းဟာ ၃.၂ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားပေမယ့် ဒါဟာ ဖောက်သည် များလာလို့ မဟုတ်ဘဲ အစားအသောက်ဈေးနှုန်းတွေ တက်လာလို့သာ ဖြစ်ဖို့ များပါတယ်။ နေ့စားခတိုးမြှင့်ရတာနဲ့ နည်းပညာ သုံးစွဲရတဲ့ စရိတ်တွေ မြင့်တက်လာတာကလည်း လုပ်ငန်းတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။EIC ရဲ့ အဆိုအရ အမြန်စား အစားအသောက်ဆိုင်တွေနဲ့ Shabu လို ဝန်ဆောင်မှု အကန့်အသတ်ရှိတဲ့ ဆိုင်တွေကတော့ ဈေးနှုန်း သက်သာပြီး အရသာ စံချိန်မီတာကြောင့် ၂၀၂၆ မှာ ၂.၇ ရာခိုင်နှုန်းလောက် ဆက်ပြီး တိုးတက်လာနိုင်ပါတယ်။ ဒါပေမဲ့ ဝန်ဆောင်မှု အပြည့်ပေးတဲ့ စားသောက်ဆိုင်ကြီးတွေကတော့ လူတွေ ချွေတာနေကြတဲ့အတွက် တခြားဆိုင်တွေထက် ပိုပြီး စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။


news-view-count-icon

10