ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်တွင် (ဖေဖော်ဝါရီ ၆ ရက်) ညနေပိုင်းက လမ်းပြောင်းပြန်မောင်းနှင်လာသည့် တရုတ်နိုင်ငံသားတစ်ဦး၏ AUDI ကားသည် ကျောင်းကြိုကား၊ ဆိုင်ကယ်နှင့် ဘိလပ်မြေဖျော်စက်ကားတို့ကို သုံးဆင့်ဆင့်တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။အခင်းဖြစ်ပွားစဉ်အနီးရှိ KTV မှ BGF ရဲဘော်တစ်ဦး ထွက်လာပြီး အပြစ်ကျူးလွန်သူ တရုတ်နိုင်ငံသားအား အကာအကွယ်ပေးကာ ခေါ်ဆောင်သွားရန် ကြိုးပမ်းခဲ့သဖြင့် ဒေသခံပြည်သူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ BGF ရဲဘော်က သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ခဲ့သော်လည်း ပြည်သူများက အလျှော့မပေးဘဲ ဝိုင်းဝန်းတားဆီးခဲ့သဖြင့် နောက်ဆုံးတွင် အဆိုပါရဲဘော် ဆုတ်ခွာသွားခဲ့ရသည်။ လက်ရှိတွင် ယာဉ်တိုက်မှုကျူးလွန်သူ တရုတ်နိုင်ငံသားအား ရဲတပ်ဖွဲ့က မြဝတီမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။
မြဝတီတွင် ယာဉ်တိုက်မှုကျူးလွန်သည့် တရုတ်နိုင်ငံသားအား BGF က အကာအကွယ်ပေးရန် ကြိုးပမ်းမှုကြောင့် လူထုနှင့် ထိပ်တိုက်တွေ့
Feb 07 • 3:00 AM
မြန်မာ
ကရင်
မျှဝေမည်
| 11 | 0 | 0 | 0 |


