နောက် ၇ ရက်အတွင်းထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ မိုးရွာနိုင်ခြေ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းရှိ

Feb 05 • 1:54 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

နောက် ၇ ရက်အတွင်းထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ မိုးရွာနိုင်ခြေ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းရှိ

ထိုင်းနိုင်ငံ မိုးလေဝသဌာနက လာမယ့် ၇ ရက်အတွက် ရာသီဥတု ခန့်မှန်းချက် ထုတ်ပြန်လိုက်ရာမှာ ဆောင်းရာသီ မကုန်ဆုံးသေးဘဲ လေအေးလှိုင်းအသစ် ဝင်ရောက်လာမယ့်အကြောင်း သတိပေးထာ...

ထိုင်းနိုင်ငံ မိုးလေဝသဌာနက လာမယ့် ၇ ရက်အတွက် ရာသီဥတု ခန့်မှန်းချက် ထုတ်ပြန်လိုက်ရာမှာ ဆောင်းရာသီ မကုန်ဆုံးသေးဘဲ လေအေးလှိုင်းအသစ် ဝင်ရောက်လာမယ့်အကြောင်း သတိပေးထားပါတယ်။ ဘန်ကောက်နဲ့ အနီးတစ်ဝိုက် ဒေသတွေမှာ ဖေဖော်ဝါရီ ၅ ရက်ကနေ ၈ ရက်အထိ မနက်ပိုင်း မြူကျပြီး အေးမြနိုင်ပေမယ့် ဖေဖော်ဝါရီ ၇ ရက်ကနေ ၉ ရက်အတွင်းမှာတော့ မိုးရွာနိုင်ချေ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ဖေဖော်ဝါရီ ၅ ရက်ကနေ ၇ ရက်အတွင်း ထိုင်းနိုင်ငံအထက်ပိုင်းမှာ အပူချိန် အနည်းငယ် မြင့်တက်လာနိုင်ပေမယ့် ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၀ ရက်အတွင်းမှာတော့ တရုတ်နိုင်ငံက လေအေးလှိုင်း ဝင်ရောက်လာမယ့်အတွက် ရာသီဥတု ပြန်လည်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း အထက်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်း ကျရောက်ပြီးနောက် အပူချိန် ကျဆင်းကာ လေပြင်းတွေ တိုက်ခတ်လာနိုင်ပါတယ်။

အထူးသဖြင့် ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ မနက်ပိုင်း လေပြင်းတိုက်ခတ်ပြီး အေးမြလာမယ့်အပြင် အပူချိန် ၁ ဒီဂရီကနေ ၂ ဒီဂရီအထိ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်ကနေ ၉ ရက်အတွင်း ထိုင်းနိုင်ငံ အထက်ပိုင်းက တောင်သူတွေအနေနဲ့ မိုးသက်လေပြင်းအန္တရာယ်ကြောင့် စိုက်ခင်းတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ထိခိုက်မှု မရှိအောင် ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်။ထိုင်းနိုင်ငံ တောင်ပိုင်းမှာတော့ ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၀ ရက်အတွင်း မိုးရွာသွန်းနိုင်ပြီး ပင်လယ်ပြင်လှိုင်းအသင့်အတင့် ရှိနေမှာ ဖြစ်ပါတယ်။ မိုးရွာသွန်းတဲ့ နေရာတွေမှာ လှိုင်းအမြင့် ၂ မီတာအထက် ရှိနိုင်တဲ့အတွက် ဂရုပြုသွားလာကြဖို့နဲ့ ရာသီဥတု အပြောင်းအလဲကို သတိပြုကြဖို့ မိုးလေဝသဌာနက အကြံပြုထားပါတယ်။

news-view-count-icon

17