မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအလင်းရတနာကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၁၀နာရီအချိန်က မူကြိုကလေးငယ်များ၏ စုံညီပွဲတော်ကို အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ က အဖွင့်အမှာစကားပြောကြားပြီး သားငယ်၊ သမီးငယ်လေးများက တက်ရောက်လာကြသော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မူကြိုဆရာမများနှင့် မိဘပြည်သူများအား မူကြိုကျောင်း သားငယ်၊ သမီးငယ်များက ချစ်သတိပြု၊ လူပျိုထောင်း၊ ညမွှေးပန်း၊ ပူတူတူးလေး စသည်တို့ဖြင့်ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအလင်းရတနာကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းဆရာမများအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်ဒေါ်ငြိမ်းမေနှောင်းက ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး မူကြိုသားငယ်၊သမီးငယ်များအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မိဘပြည်သူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


