မန္တလေး မဟာမုနိဘုရားပွဲတွင် ဖျော်ဖြေနေသည့် မင်းသားအောင်ဇမ္ဗူက ရုပ်ရှင်တော်မြတ်ကြီးအား ကတ္တီပါသင်္ကန်းတော် ဆက်ကပ်လှူဒါန်း

Feb 01 • 4:54 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး မဟာမုနိဘုရားပွဲတွင် ဖျော်ဖြေနေသည့် မင်းသားအောင်ဇမ္ဗူက ရုပ်ရှင်တော်မြတ်ကြီးအား ကတ္တီပါသင်္ကန်းတော် ဆက်ကပ်လှူဒါန်း

မန္တလေးမြို့၊ မဟာမုနိရုပ်ပွားတော်မြတ်ကြီး၏ (၆၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် လာရောက်ဖျော်ဖြေလျက်ရှိသည့် မင်းသားအောင်ဇမ္ဗူနှင့် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့သားမ...

မန္တလေးမြို့၊ မဟာမုနိရုပ်ပွားတော်မြတ်ကြီး၏ (၆၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် လာရောက်ဖျော်ဖြေလျက်ရှိသည့် မင်းသားအောင်ဇမ္ဗူနှင့် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့သားများသည် ဇန်နဝါရီလ ၃၁ ရက် ညပိုင်းက ရုပ်ရှင်တော်မြတ်ကြီးထံ ခြုံထည်ကတ္တီပါသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ လက်ရှိတွင် အဆိုပါဇာတ်သဘင်အဖွဲ့ကို အားပေးသည့် ပရိသတ်များဖြင့် စည်ကားလျက်ရှိပြီး၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ခြုံထည်ကတ္တီပါသင်္ကန်းတော် လှူဒါန်းလိုသူများအနေဖြင့် တစ်ထည်လျှင် ကျပ်ကိုးသောင်းနှုန်းဖြင့် ဂေါပကရုံးသို့ (၅) ရက်ကြိုတင်၍ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရှိရပါသည်။

news-view-count-icon

19