ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ရန်ကုန်မြို့ရှိ တက္ကသိုလ်နယ်မြေများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်တွင် ကျင်းပမည့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) အတွက် ကြိုတင်ပြင်ဆင်မှုများ၊ ပြခန်းခင်းကျင်းမှုများနှင့် စျေးရောင်းပွဲတော် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့ရှိ နယ်မြေအဆင့်မြှင့်တင်ရေး၊ ကျောင်းသားဆောင်များ သန့်ရှင်းသာယာရေးနှင့် အားကစားကွင်း တည်ဆောက်မှုများကို စစ်ဆေးခဲ့သည့်အပြင် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာရေးဒီဂရီကောလိပ်အချို့အား တက္ကသိုလ်အဆင့်မြှင့်တင်ရန်အတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးကိစ္စများကိုပါ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပါသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်များ၏ သုတေသနညီလာခံ ပြင်ဆင်မှုနှင့် နယ်မြေသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Feb 01 • 4:52 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 9 | 0 | 0 | 0 |


