စင်ကာပူနိုင်ငံ Sentosa အပန်းဖြေကျွန်းရှိ Sentosa Cove ရေပြင်၌ ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းက မိကျောင်းတစ်ကောင် တွေ့ရှိခဲ့ခြင်းကြောင့် Siloso၊ Palawan နှင့် Tanjong ကမ်းခြေ ၃ ခုလုံးတွင် ရေကူးခြင်းနှင့် ကယပ်လှေလှော်ခြင်း အပါအဝင် ရေပြင်လှုပ်ရှားမှုအားလုံးကို ယာယီပိတ်ပင်လိုက်ကြောင်း CNA သတင်းအရ သိရသည်။ လက်ရှိတွင် Sentosa Development Corporation (SDC) နှင့် NParks တို့ ပူးပေါင်း၍ မိကျောင်းကို ဖမ်းဆီးနိုင်ရန် အပူတပြင်း ရှာဖွေနေပြီး ကမ်းခြေတစ်လျှောက်တွင်လည်း လုံခြုံရေးကင်းလှည့်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ တာဝန်ရှိသူများက အများပြည်သူအနေဖြင့် ရေထဲသို့ လုံးဝဆင်းခြင်းမပြုရန်၊ မိကျောင်းနှင့် ထိပ်တိုက်တွေ့ပါက ရန်စခြင်းမပြုဘဲ ဖြည်းဖြည်းချင်း နောက်ဆုတ်ရန်နှင့် တွေ့ရှိပါက တိရစ္ဆာန်တုံ့ပြန်ရေးစင်တာသို့ ချက်ချင်းအကြောင်းကြားရန် သတိပေးနှိုးဆော်ထားပါသည်။
စင်ကာပူ Sentosa ကမ်းခြေတွင် မိကျောင်းတွေ့ရှိမှုကြောင့် ရေကူးခြင်းနှင့် ရေကစားနည်းများအားလုံး ယာယီရပ်ဆိုင်း
Feb 01 • 4:49 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


