ဟဲဟိုးတွင် တန် ၂၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံ ဖွင့်လှစ်

Feb 01 • 4:13 AM

breaking-news

မြန်မာ

ရှမ်း

cover

ဟဲဟိုးတွင် တန် ၂၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံ ဖွင့်လှစ်

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့တွင် ဒေသတွင်း မျိုးအာလူးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် တန် ၂၀၀၀ ဆံ့ မျိုးအာလူးအအေးခန်းသိုလှောင်ရုံသစ်ကို ဇန်နဝါရီလ ၂၇ ရက်နေ့က ဖွင့...

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့တွင် ဒေသတွင်း မျိုးအာလူးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် တန် ၂၀၀၀ ဆံ့ မျိုးအာလူးအအေးခန်းသိုလှောင်ရုံသစ်ကို ဇန်နဝါရီလ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ Myanmar United Farmers Agriculture Co., Ltd. က တာဝန်ယူတည်ဆောက်ခဲ့သော အဆိုပါသိုလှောင်ရုံကြောင့် တောင်သူများအနေဖြင့် အရည်အသွေးမြင့် မျိုးကောင်းမျိုးသန့်များကို ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံး အာလူးစိုက်ဧရိယာ၏ ၆၀ ရာခိုင်နှုန်းကျော်ရှိသော ရှမ်းပြည်နယ်တွင် ယခုအခါ ဟဲဟိုး၊ နောင်တရား၊ အောင်ပန်းနှင့် ပင်းတယမြို့တို့၌ အအေးခန်းသိုလှောင်ရုံများ အသီးသီးဖွင့်လှစ်ထားရှိပြီးဖြစ်ရာ မျိုးအာလူးများ ပျက်စီးဆုံးရှုံးမှုကို လျှော့ချပေးနိုင်ကာ အထွက်နှုန်းကောင်းမွန်စေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

14