ထိုင်းနိုင်ငံ၊ဘန်ကောက်၊ Sukhumvit ရှိ ရွှေဆိုင် ဓ-ားပြတိုက်ခံရပြီး ရွှေ ၁၄၉ ဘတ်သားနဲ့ ငွေသား ၁ သိန်း ၇ သောင်းကျော် ပါသွား

Jan 31 • 4:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်၊ Sukhumvit ရှိ ရွှေဆိုင် ဓ-ားပြတိုက်ခံရပြီး ရွှေ ၁၄၉ ဘတ်သားနဲ့ ငွေသား ၁ သိန်း ၇ သောင်းကျော် ပါသွား

ဇန်နဝါရီ ၃၀ ရက် ည ၁၁ နာရီခွဲအချိန်ခန့်က ဘန်ကောက်၊ Sukhumvit 50 ရှိ ကုန်တိုက်တစ်ခုအတွင်းမှာ ဖွင့်လှစ်ထားတဲ့ နာမည်ကြီး ရွှေဆိုင်တစ်ဆိုင်မှာ ဓ-ားပြတိုက်မှု ဖြစ်ပွာ...

ဇန်နဝါရီ ၃၀ ရက် ည ၁၁ နာရီခွဲအချိန်ခန့်က ဘန်ကောက်၊ Sukhumvit 50 ရှိ ကုန်တိုက်တစ်ခုအတွင်းမှာ ဖွင့်လှစ်ထားတဲ့ နာမည်ကြီး ရွှေဆိုင်တစ်ဆိုင်မှာ ဓ-ားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ တစ်ကိုယ်တော် ‌ေ-သနတ်သမားတစ်ဦးက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ရွှေအလေးချိန် ၁၄၉ ဘတ်သားနဲ့ ငွေသား ၁၇၀,၀၀၀ ဘတ်ခန့် ပါသွားခဲ့ပါတယ်။ရွှေဆိုင်ဝန်ထမ်းတွေ ဆိုင်ပိတ်သိမ်းနေတဲ့အချိန်မှာ အဲဒီအမျိုးသား ရောက်ရှိလာပြီး ဓာတ်ဆီလောင်းကာ သေနတ်နဲ့ ချိန်ရွယ်ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ ဆိုင်အတွင်းရှိ ရွှေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ပစ္စည်းတွေ ရရှိသွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် ဝန်ထမ်းတွေက အချက်ပေးခေါင်းလောင်းတီးပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ကနဦးစုံစမ်းချက်တွေအရ ပြစ်မှုကျူးလွန်သူဟာ အပြာရောင် လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်နဲ့ ဘေ့စ်ဘောဦးထုပ် ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ သူ ဘယ်လမ်းကြောင်းကနေ ထွက်ပြေးလွတ်မြောက်သွားလဲ ဆိုတာကိုတော့ လက်ရှိအချိန်ထိ မသိရှိရသေးပါဘူး။ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့တော်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက တရားခံကို အမြန်ဆုံး ဖ-မ်းဆီးရမိရေးအတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ညွှန်ကြားထားပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာ နေရာနဲ့ တရားခံ ထွက်ပြေးသွားနိုင်တဲ့ လမ်းကြောင်းတွေမှာရှိတဲ့ CCTV မှတ်တမ်းတွေကို လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

news-view-count-icon

26