ဇာတ်အဖွဲ့ ကားတိမ်းမှောက်မှု၌ ကွယ်လွန်သူများ၏ မိသားစုတစ်စုလျှင် (၁၀) သိန်းကျပ်စီနှင့် ဆေးကုသမှုခံယူနေသူများအား ကနဦးအဖြစ် (၁) ဦးလျှင် (၅) သိန်းကျပ်စီ ကူညီထောက်ပံ့ပေးမည်

Jan 30 • 5:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဇာတ်အဖွဲ့ ကားတိမ်းမှောက်မှု၌ ကွယ်လွန်သူများ၏ မိသားစုတစ်စုလျှင် (၁၀) သိန်းကျပ်စီနှင့် ဆေးကုသမှုခံယူနေသူများအား ကနဦးအဖြစ် (၁) ဦးလျှင် (၅) သိန်းကျပ်စီ ကူညီထောက်ပံ့ပေးမည်

“ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့” ယာဉ် တိမ်းမှောက်မှု၌ ကွယ်လွန်သူများ၏ မိသားစုများအတွက် မိသားစုတစ်စုလျှင် (၁၀) သိန်းကျပ်စီနှင့် ဆေးကုသမှုခံယူနေသူများအား ကနဦးအဖြစ် တစ...

“ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့” ယာဉ် တိမ်းမှောက်မှု၌ ကွယ်လွန်သူများ၏ မိသားစုများအတွက် မိသားစုတစ်စုလျှင် (၁၀) သိန်းကျပ်စီနှင့် ဆေးကုသမှုခံယူနေသူများအား ကနဦးအဖြစ် တစ်ဦးလျှင် (၅) သိန်းကျပ်စီ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆက်လက်၍လည်း ဆေးကုသမှုများအတွက် လိုအပ်သည့် ကူညီမှုများနှင့် လှူဒါန်းမှုများကို ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ ဇန်နဝါရီ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါ ဇာတ်သဘင်အဖွဲ့ထံသို့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ဗဟိုသဘင်အမှုဆောင်များ သွားရောက်ကာ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါဖြစ်စဉ်မှာ “ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့” ဟာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ တပ်ကုန်းမြို့သို့ ဖျော်ဖြေရန် အသွားလမ်းခရီးဖြစ်တဲ့ တောင်ညိုလမ်း၊ ဂွေးချိုကျေးရွာအနီးတွင် ဇန်နဝါရီ ၂၈ ရက် ညနေ ၅ နာရီခွဲခန့်အချိန်မှာ ကား ချောက်ထဲကျ၍ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်နေ့၌ ဇာတ်အဖွဲ့ ကားပေါ်တွင် လိုက်ပါခဲ့သည့် ဇာတ်အဖွဲ့သူ/အဖွဲ့သား ၂၇ ဦးနှင့် ကလေးငယ်တစ်ဦး၊ စုစုပေါင်း ၂၈ ဦးရှိခဲ့ပြီး ကနဦးရရှိခဲ့သော သတင်းများအရ သေဆုံးသူ ၁၂ ဦးခန့် ရှိကြောင်း ကြားသိခဲ့ရသော်လည်း နောက်ဆက်တွဲ သိရှိရတဲ့ သတင်းများအရ လက်ရှိအချိန်အထိ သေဆုံးသူ ၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦးအထိရှိတယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မွန်မြတ်သူ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း "ကျွန်တော်တို့ ဖြစ်စဉ်ဖြစ်ပွားတဲ့ ညနေ ပိုင်းမှာပဲ ယာဉ်တိမ်းမှောက်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ သေဆုံးသူ ၇ ဦးတွေ့တယ်။ ၂၉ ရက်နေ့ နံနက်ပိုင်းမှာ ယာဉ်ကို ကရိန်းနဲ့ ဆွဲတင်ရာကနေ ယာဉ်အောက်ပိုင်းမှာ သေဆုံးရုပ်လောင်းတစ်ဦး ထပ်တွေ့ပါတယ်။ စုစုပေါင်း သေဆုံးသူက ၈ ဦးပါ။ ထိခိုက်ဒဏ်ရာရရှိတဲ့ သူတွေကိုတော့ နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်"လို့ပြောပါတယ်။မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ သဘင်အဖွဲ့များအနေဖြင့် ခရီးသွားလာကြရာမှာ မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှု၊ ယာဉ်မောင်းများ၏ ကျွမ်းကျင်မှု တို့ကို ပိုမို ဂရုပြုပေးကြရန်နှင့် ဘေးကင်းလုံခြုံရေးအတွက် အစဉ်သတိရှိနိုင်ကြရန် မေတ္တာရပ်ခံနှိုးဆော်ထားတယ်လို့လည်း သိရပါတယ်။


news-view-count-icon

26