ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်မှု ၈ဦးသေဆုံးဟု မြန်မာနိုင်ငံသဘင်အစည်းအရုံး-ဗဟိုထုတ်ပြန်

Jan 30 • 3:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်မှု ၈ဦးသေဆုံးဟု မြန်မာနိုင်ငံသဘင်အစည်းအရုံး-ဗဟိုထုတ်ပြန်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တောင်ညိုလမ်းတွင် ဇန်နဝါရီ ၂၈ ရက်က ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ စီးနင်းလာသည့် မော်တော်ယာဉ် ချောက်ထဲသို့ တိမ်းမှောက်ခဲ့ရာ...

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တောင်ညိုလမ်းတွင် ဇန်နဝါရီ ၂၈ ရက်က ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ စီးနင်းလာသည့် မော်တော်ယာဉ် ချောက်ထဲသို့ တိမ်းမှောက်ခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ထုတ်ပြန်ခဲ့သည်။ ဒဏ်ရာရရှိသူများကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင် ကုသပေးလျက်ရှိပြီး သဘင်အစည်းအရုံးအနေဖြင့် သေဆုံးသူမိသားစုများအား တစ်စုလျှင် ကျပ် ၁၀ သိန်းနှင့် ဒဏ်ရာရရှိသူများကို တစ်ဦးလျှင် ကျပ် ၅ သိန်းစီ ကူညီထောက်ပံ့ပေးထားသည်။ ထို့ပြင် အစည်းအရုံးက သဘင်အဖွဲ့များအနေဖြင့် ခရီးသွားလာရာတွင် ယာဉ်ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံရေးကို အထူးဂရုပြုကြရန် မေတ္တာရပ်ခံ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

16