ဘတ် ၃၄,၀၀၀ ပါသော ပိုက်ဆံအိတ် ပိုင်ရှင်ထံပြန်ပေးသည့် မြန်မာအမျိုးသမီးကို ထိုင်းနိုင်ငံသားများ ချီးကျူး

Jan 24 • 7:45 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘတ် ၃၄,၀၀၀ ပါသော ပိုက်ဆံအိတ် ပိုင်ရှင်ထံပြန်ပေးသည့် မြန်မာအမျိုးသမီးကို ထိုင်းနိုင်ငံသားများ ချီးကျူး

ထိုင်းနိုင်ငံသားတစ်ဦး ပြုတ်ကျခဲ့သော ဘတ် ၃၄၀၀၀ (မြန်မာငွေကျပ် သိန်း ၄၀ ကျော်)ပါ ပိုက်ဆံ အိတ်ကို ရဲစခန်းမှတစ်ဆင့် ပိုင်ရှင်ထံပြန်အပ်ခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးက...

ထိုင်းနိုင်ငံသားတစ်ဦး ပြုတ်ကျခဲ့သော ဘတ် ၃၄၀၀၀ (မြန်မာငွေကျပ် သိန်း ၄၀ ကျော်)ပါ ပိုက်ဆံ အိတ်ကို ရဲစခန်းမှတစ်ဆင့် ပိုင်ရှင်ထံပြန်အပ်ခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံသားလူမှု ကွန်ရက်သုံးစွဲသူများက အသိအမှတ်ပြုချီးကျူးနေကြသည်။

ထိုင်းနိုင်ငံ ချွန်ပူလီမြို့၌ နေထိုင်ပြီး စက်ရုံအလုပ်သမားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ် မနွယ်ဌေးဌေးသည် ဇန်နဝါရီ ၂၄ ရက်က ဆိုင်ကယ်မောင်းနှင်လာချိန် ကားတစ်စီးပေါ်မှ ပိုက်ဆံအိတ်တစ်လုံးပြုတ်ကျခဲ့သည်ကို မြင်တွေ့ရာမှ ပိုင်ရှင်ထံပြန်လည်ပေးအပ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။မနွယ်ဌေးဌေးသည် ပိုက်ဆံအိတ်ပြုတ်ကျခဲ့ကြောင်း အသိပေးရန်ကြိုးစားခဲ့သော်လည်း ယာဉ်မောင်း ဖြစ်သူကမကြားသဖြင့် အနီးဝန်းကျင်ရှိ ရဲစခန်းသို့သွားရောက်အပ်နှံခဲ့ပြီး ရဲစခန်းမှတစ်ဆင့် ပိုင်ရှင်နှင့် အဆက်အသွယ်ရကာ ပြန်လည်ပေးအပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း honekrasea သတင်းတွင် ဖော်ပြထားသည်။ထိုင်းရဲတပ်ဖွဲ့၏ ပိုက်ဆံအိတ်ကို စစ်ဆေးပြီးနောက် ပိုင်ရှင်ဖြစ်သူ အသက် ၅၇ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးကို ဆက်သွယ်ကာ ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါပိုက်ဆံအိတ်အတွင်း ဘတ်ငွေ ၃၄,၀၀၀၊ဘဏ်ကတ်၊ယာဉ်မောင်းလိုင်စင်နှင့် အခြားအရေးကြီး စာရွက်စာတမ်းများပါဝင်ကြောင်း သိရသည်။ကားပေါ်မှ ပြုတ်ကျခဲ့သည့် ပိုက်ဆံအိတ်ပြန်ရသဖြင့် ထိုင်းအမျိုးသားက မြန်မာအမျိုးသမီး မနွယ်ဌေးဌေး ကို ဂုဏ်ပြုငွေပြန်လည်ပေးအပ်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်လည်း မည်မျှပေးအပ်ခဲ့ကြောင်း မပါရှိပေ။လတ်တလောထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများနှင့် သက်ဆိုင်သည့် မှုခင်းဖြစ်ရပ်များကြောင့် ဝေဖန်ခံနေရပြီး ထိုင်းအမျိုးသားရေးသမားအုပ်စုများ၏ ပစ်မှတ်ထားတိုက်ခိုက်မှုနှင့်ကြုံနေရချိန်တွင် ယခုဖြစ်စဉ်က မြန်မာနိုင်ငံသားများအပေါ် အကောင်းမြင်စိတ် ပြန်လည်အားကောင်းလာစေကြောင်း ထိုင်းရောက် မြန်မာတစ်ချို့ကပြောသည်။



news-view-count-icon

9