ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ရပ်ကွက်အချို့တွင် ဇန်နဝါရီ ၂၁ ရက် တစ်ရက်အတွင်း ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နှင့် ကွမ်းယာဆိုင်များ ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မယ်ပရပ်ကွက်ရှိ ကွမ်းယာဆိုင်မှ အမျိုးသမီး ၁ ဦးနှင့် မယ်တော်ရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်မှ အမျိုးသား ၂ ဦး၊ ဆံပင်ညှပ်ဆိုင်မှ အမျိုးသား ၁ ဦး၊ ကုန်စုံဆိုင်မှ အမျိုးသမီး ၁ ဦးတို့ကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ နေထိုင်ခြင်းနှင့် သတ်မှတ်ထားသည့် အလုပ်အကိုင်ထက် ကျော်လွန်လုပ်ကိုင်ခြင်း စသည့် ပြစ်မှုများဖြင့် အရေးယူထားခြင်း ဖြစ်သည်။ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနသည် ဇန်နဝါရီလလယ်ပိုင်းမှစတင်ကာ မဲဆောက်မြို့ပေါ်ရှိ ဈေးဆိုင်များနှင့် လုပ်ငန်းခွင်များကို အရှိန်မြှင့်စစ်ဆေးနေပြီး၊ ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အတွင်း ဥပဒေနှင့်မညီသည့် မြန်မာလုပ်သား ၁၇ ဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူ ၃၈ ဦးတို့ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
မဲဆောက်တွင် ၁ ရက်အတွင်း ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင် ၊ ဆိုင်ကယ်ပြင်ဆိုင် ၊ကွမ်းယာဆိုင်ဖွင့်လှစ်ထားသည့် မြန်မာ ၅ ဦးဖမ်းဆီးခံရ
Jan 23 • 7:33 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


