ပြင်ဦးလွင်မြို့ရှိ စာပန်းအိမ် ကိုယ်ပိုင်ကျောင်းက ကျောင်းသားတွေ နေထိုင်တဲ့အဆောင် မီးလောင်

Jan 22 • 10:30 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

ပြင်ဦးလွင်မြို့ရှိ စာပန်းအိမ် ကိုယ်ပိုင်ကျောင်းက ကျောင်းသားတွေ နေထိုင်တဲ့အဆောင် မီးလောင်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနဲ့ ရတနာလမ်းကြားမှာရှိတဲ့ စာပန်းအိမ် ကိုယ်ပိုင်ကျောင်းမှာ တက်ရောက် နေတဲ့ G 12 ကျောင်းသားတွေနေထိုင်ရ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနဲ့ ရတနာလမ်းကြားမှာရှိတဲ့ စာပန်းအိမ် ကိုယ်ပိုင်ကျောင်းမှာ တက်ရောက် နေတဲ့ G 12 ကျောင်းသားတွေနေထိုင်ရာ အဆောင်မှာ ဒီကနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဗန်ဒါဆောင်မှာ G 12 ကျောင်းသား ၃၇ ယောက် နေထိုင်တာဖြစ်ပြီး အဆောင်နေ ကျောင်းသားတွေဟာ စာမေးပွဲချိန်ကာလဖြစ်လို့ စာသင် ခန်းမှာ ရှိနေတာကြောင့် မီးလောင်မှု ဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ဘူးလို့ သိရပါတယ်။မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁ နာရီ ၃၈ မိနစ်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။



news-view-count-icon

56