၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ Stomp သတင်းဌာနရဲ့ ဖော်ပြချက်အရ -စင်ကာပူနိုင်ငံ Sembawang မှာရှိတဲ့ Sembawang God of Wealth Temple မှာ ခေတ်စားနေတဲ့ Blind Box (လျှို့ဝှက်သေတ္တာ) အရောင်းစက်တွေကို ထည့်သွင်းထားရာမှာ အခုဆိုရင် ဘူးပေါင်း ၅,၀၀၀ ကျော်အထိ ရောင်းချထားရတယ်လို့ သိရပါတယ်။ ဒီ Blind Box တစ်ဘူးကို စင်ကာပူဒေါ်လာ ၄ ဒေါ်လာပဲ ကျသင့်ပြီး အတွင်းမှာတော့ ဒီဇိုင်းပေါင်း ၄၀ ကနေ ၅၀ ကြားရှိတဲ့ လာဘ်လာဘပစ္စည်းလေးတွေ၊ သော့ချိတ်တွေ၊ ဆွဲကြိုးတွေနဲ့ ပိုက်ဆံအိတ်လေးတွေ ပါဝင်ပါတယ်။ ထူးခြားချက်ကတော့ ရရှိလာတဲ့ အဆောင်လက်ဖွဲ့ပစ္စည်းလေးတွေကို ဘုရားကျောင်းက ဘုန်းတော်ကြီးတွေဆီမှာ အခမဲ့ မေတ္တာစာပို့ ဆုတောင်းပေးတာမျိုး (Blessing) တွေ ပြုလုပ်နိုင်တာကြောင့် လူငယ်တွေကြားမှာ အတော်လေး ရေပန်းစားနေတာ ဖြစ်ပါတယ်။တရုတ်နှစ်သစ်ကူး နီးကပ်လာတာနဲ့အမျှ အခုလို Blind Box ယဉ်ကျေးမှုဟာ တခြားသော နာမည်ကြီး အမြန်စား အစားအစာဆိုင်တွေနဲ့ စတိုးဆိုင်ကြီးတွေမှာပါ အပြိုင်အဆိုင် ခေတ်စားလာနေတာကို တွေ့ရပါတယ်။
စင်ကာပူ Sembawang ဘုရားကျောင်းမှာ Blind Box တွေ ရောင်းအားကောင်းနေ
Jan 22 • 2:57 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


