ထိုင်းနိုင်ငံမှာ Forklift ကားပိမိပြီး အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး၏ နစ်နာကြေးရရှိရန် အလုပ်သမားသံအရာရှိရုံး ဆောင်ရွက်ပေး

Jan 21 • 7:40 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံမှာ Forklift ကားပိမိပြီး အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး၏ နစ်နာကြေးရရှိရန် အလုပ်သမားသံအရာရှိရုံး ဆောင်ရွက်ပေး

ထိုင်းနိုင်ငံ ဖစ်ဘူရီရှိ အလူမီနီယမ်စက်ရုံတွင် Forklift ကားပိမိပြီး အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးအတွက် နစ်နာကြေးရရှိရန် အလုပ်သမားသံအရာရှိရုံး ဆောင်ရွ...

ထိုင်းနိုင်ငံ ဖစ်ဘူရီရှိ အလူမီနီယမ်စက်ရုံတွင် Forklift ကားပိမိပြီး အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးအတွက် နစ်နာကြေးရရှိရန် အလုပ်သမားသံအရာရှိရုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ယင်းအတွက် ယမန်နေ့ ဇန်နဝါရီ (၂၀) ရက်က အလုပ်သမားသံမှူးနှင့် အဖွဲ့ကစက်ရုံသို့ သွားရောက်ခဲ့ကာ ထိုင်းအလုပ်အကိုင်ဌာန တာဝန်ရှိသူများ၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး တာဝန်ရှိသူများ၊ လူမှုဖူလုံရေးရုံးတာဝန်ရှိသူများ၊ စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ‌ေ-သဆုံးသူ၏ နစ်နာကြေးများ၊ လျော်ကြေးများနှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများ ဥပဒေပါအတိုင်းအပြည့်အဝရရှိစေရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖေ-ာက်ခံရပါက အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေးတိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။



news-view-count-icon

10