ဗန်းမော်မြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်နိုင်သည့် နယ်မြေအဖြစ် ကြေညာ

Jan 21 • 6:42 AM

breaking-news

မြန်မာ

ကချင်

breaking-news
cover

ဗန်းမော်မြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်နိုင်သည့် နယ်မြေအဖြစ် ကြေညာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို ရွေးကောက်ပွဲ အပိုင်း (၃) အတွက် ကျင်းပခြင်းမပြုလုပ်နိုင်သည့် နယ်မြေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UECက ကြေညာခဲ့သည်။ အပိ...

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို ရွေးကောက်ပွဲ အပိုင်း (၃) အတွက် ကျင်းပခြင်းမပြုလုပ်နိုင်သည့် နယ်မြေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UECက ကြေညာခဲ့သည်။ အပိုင်း (၃) ရွေးကောက်ပွဲကို ယခုလာမည့် (ဇန်နဝါရီ ၂၅) တွင် ကျင်းပမည် ဖြစ်သည်။ဗန်းမော်မြို့နယ်အတွင်းရှိ ခွန်သာရပ်ကွက်၊ မြို့မရပ်ကွက်၊ အလယ်ရပ် ရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်၊ နမ့်ဖားရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ ဟန်းတဲရပ်ကွက်၊ ခိုကျင်ကျေးရွာအုပ်စုတို့ပါဝင်သည်ဟု UEC က ထုတ်ပြန်ထားသည်။


news-view-count-icon

30