၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုပေါင်း ၃,၃၄၈ မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁,၇၃၅ ဦး သေဆုံးပြီး ၄,၆၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါကိန်းဂဏန်းများသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယာဉ်မတော်တဆမှု၊ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုအားလုံး သိသာစွာ ကျဆင်းလာခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်တွင် သေဆုံးသူ ၂,၀၁၁ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီးအလိုက် သေဆုံးမှုစာရင်းတွင် ရန်ကုန်တိုင်းဒေသကြီးက ၃၈၇ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ မန္တလေးတိုင်းတွင် ၂၄၇ ဦးနှင့် ပဲခူးတိုင်းတွင် ၂၁၆ ဦး အသီးသီးဖြင့် နောက်မှလိုက်နေကြောင်း ဖော်ပြထားပါသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၁,၇၃၅ ဦး သေဆုံးခဲ့ကာ ၄,၆၇၆ ဦး ထိခိုက်ဒဏ်ရာရရှိ
Jan 21 • 5:11 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


