နှစ်ပါးသွား​​အက ဖျော်ဖြေနေချိန် ကလေးငယ်ကို စင်ပေါ်ခေါ်ယူပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ကာ ဟာသပြတ်လုံးထုတ်ခဲ့သည့် အောင်ဇမ္ဗူဇာတ် ဝေဖန်မှုတွေမြင့်တက်နေ

Jan 21 • 5:02 AM

breaking-news

မြန်မာ

ရန်ကုန်

cover

နှစ်ပါးသွား​​အက ဖျော်ဖြေနေချိန် ကလေးငယ်ကို စင်ပေါ်ခေါ်ယူပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ကာ ဟာသပြတ်လုံးထုတ်ခဲ့သည့် အောင်ဇမ္ဗူဇာတ် ဝေဖန်မှုတွေမြင့်တက်နေ

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့၏ နှစ်ပါးသွားဖျော်ဖြေမှုအတွင်း လူရွှင်တော်နှစ်ဦးက ပရိသတ်ထဲမှ ကလေးငယ်တစ်ဦးကို စင်ပေါ်သို့ပွေ့ချီကာ ဘောင်းဘီလှန်၍ လိင်ပိုင်းဆိုင်ရာဖြစ်တည်မ...

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့၏ နှစ်ပါးသွားဖျော်ဖြေမှုအတွင်း လူရွှင်တော်နှစ်ဦးက ပရိသတ်ထဲမှ ကလေးငယ်တစ်ဦးကို စင်ပေါ်သို့ပွေ့ချီကာ ဘောင်းဘီလှန်၍ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုကို ဟာသလုပ်တင်ဆက်ခဲ့သည့် ရုပ်သံဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူများအကြား ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုများ ပေါ်ပေါက်လျက်ရှိပါသည်။ အဆိုပါလုပ်ရပ်သည် ကလေးသူငယ်အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ဗြောင်ကျကျ ထိပါးစော်ကားခြင်းဖြစ်သည်ဟုဆိုကာ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ထံသို့ တိုင်ကြားမှုများစွာ ရောက်ရှိနေပြီး၊ အစည်းအရုံးဘက်ကလည်း ယင်းဖြစ်စဉ်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်အသိပေးထားပါသည်။

news-view-count-icon

23