ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲမဲတစ်ပြား ၇,၅၀၀ ဘတ်အထိ စျေးပေါက်နေကြောင်း ရာ့ချတ် (Rak Chart) ပါတီက လူကြီးတွေ ဒီနေ့ စဖန်း ၂ ဈေးဘက်မှာ မဲဆွယ်ရင်းနဲ့ ပြောသွားပါတယ်။သူတို့ပြောတာကတော့ အခုရွေးကောက်ပွဲမှာ ငွေကို ရေလိုသုံးနေကြပြီး သတင်းတွေအရဆိုရင် ဘဏ်တွေကနေ ငွေသားတွေ အထုပ်လိုက်အပိုးလိုက် ထုတ်နေကြတာ ဘတ် ဘီလီယံ ၂၀၀ လောက်တောင် ရှိသတဲ့။အဲဒီတော့ မဲဝယ်တဲ့ဈေးတွေကလည်း ဘန်ကောက်မှာဆို တစ်ယောက်ကို ၇,၅၀၀ ဘတ် တောင် ပေးနေပြီး နယ်ဘက်တွေမှာတောင် ၃,၀၀၀ ကနေ ၅,၀၀၀ ကြား ပေါက်နေပြီလို့ ဆိုတယ်။ပါတီရဲ့ ဝန်ကြီးချုပ်လောင်း ဂျိတ် (Jade) က "အဲဒီငွေတွေက အလကားရတာမဟုတ်ဘူး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ တရားမဝင်လုပ်ငန်းတွေကလာတဲ့ 'ငွေမည်းတွေ' ပါ" တဲ့။ အဲဒီငွေကို ယူလိုက်ရင် နောက်ပိုင်း အာဏာရလာတဲ့အခါ အဂတိလိုက်စားပြီး အရင်းပြန်နှုတ်ကြမှာပဲလို့ သတိပေးနေတယ်။ရာ့ချတ်ပါတီကတော့ "ငါတို့မှာတော့ မဲဝယ်ဖို့ ပိုက်ဆံမရှိဘူး၊ ဆိုင်းဘုတ်တောင် အနိုင်နိုင်ထောင်ရတာ၊ မူဝါဒနဲ့ပဲ တိုက်မှာ" ဆိုပြီးတော့လည်း ဗြောင်ပြောသွားပါတယ်။ နိုင်ငံကြီးကို ဒီလို ညစ်ပတ်တဲ့ ပိုက်ဆံတွေကြားထဲကနေ အတူတူ ကယ်ကြရအောင်ဆိုပြီး လူငယ်တွေကို စည်းရုံးသွားပါတယ်။
ထိုင်းရွေးကောက်ပွဲတွင် မဲတစ်ပြား ဘတ်၇၅၀၀ အထိစျေးပေါက်နေ
Jan 21 • 2:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


