သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ဇန်နဝါရီ ၁၅ ရက်က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် မွေးနေ့ပွဲနှင့် ဇာတ်ကားမိတ်ဆက်ပွဲ၌ အများပြည်သူအမြင်မတင့်တယ်သည့် အဝတ်အစားများဖြင့် ကပြဖျော်ဖြေခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၂၉၄(က) ဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခံထားရသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။ အဆိုပါပုဒ်မသည် အများပြည်သူဆိုင်ရာနေရာတွင် ညစ်ညမ်းသောပြုလုပ်မှုအတွက် ထောင်ဒဏ် ၃ လဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် အာမခံပေးနိုင်သောပုဒ်မဖြစ်သော်လည်း၊ ၎င်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်ကမှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်ရာ နောက်ထပ်ပြစ်ဒဏ်ကျခံရပါက ယခင်ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်း ပြန်လည်ကျခံရနိုင်ဖွယ်ရှိကြောင်း ဥပဒေအရ သုံးသပ်မှုများ ထွက်ပေါ်နေပါသည်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်အား ပုဒ်မ ၂၉၄(က) ဖြင့် အမှုဖွင့်ထားမှုအပေါ် ရုပ်ရှင်အစည်းအရုံးသို့ အကြောင်းကြားလာခြင်း မရှိသေး
Jan 21 • 2:20 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 60 | 0 | 0 | 0 |


