အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းပြောင်းလိုသူများလက်ခံပေးမည်ဟု ကိုယ်ပိုင်ကျောင်း အသီးသီး ထုတ်ပြန်

Jan 21 • 2:18 AM

breaking-news

မြန်မာ

ရှမ်း

cover

အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းပြောင်းလိုသူများလက်ခံပေးမည်ဟု ကိုယ်ပိုင်ကျောင်း အသီးသီး ထုတ်ပြန်

ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် အောင်မြေသစ် ကိုယ်ပိုင်ကျောင်းမှ ရုတ်တရက် ကျောင်းပြောင်းလိုသော ကျောင်းသား ကျောင်းသူများကို Future Star မှ အခမဲ့လက်ခံပေ...

ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် အောင်မြေသစ် ကိုယ်ပိုင်ကျောင်းမှ ရုတ်တရက် ကျောင်းပြောင်းလိုသော ကျောင်းသား ကျောင်းသူများကို Future Star မှ အခမဲ့လက်ခံပေးပြီး စာမေးပွဲ ဖြေနိုင်စေရန် စီစဉ်ပေးပါမည် ဖြစ်ကြောင်း သိရသည်။ထိုသို့ ကျောင်းပြောင်းရန် ငွေကြေးပေးရန်လုံးဝမလိုပါကြောင်း ၊ ကလေးများ အဆင်ပြေစေရန် ရည်ရွယ်သောကြောင့် အထင်လွဲအမြင်လွဲမဖြစ်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ကျောင်းဘက်က ထုတ်ပြန်ထားခြင်း ဖြစ်သည်။ကျောင်းဖုန်းနံပါတ် ဆက်သွယ်လိုလျှင် 09254103993, 09881122866 ကိုဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေး ကြေညာထားသည်။ထို့ပြင် ကျောင်းတစ်ကျောင်း၏အခြေအနေအရပ်ရပ်ကြောင့် မိမိတို့၏ သားသမီးများအတွက် ရုတ်တရက်ကျောင်းပြောင်းရွှေ့လိုသူများနှင့် ပညာသင်ယူမှု ပြတ်တောက်သွားမည်ကို စိုးရိမ်နေကြသည့် မိဘအုပ်ထိန်းသူများအနေဖြင့် Grade 10, 11, 12 ကျောင်းသား/သူများ အား ပညာဆက်လက်သင်ယူနိုင်စေရေး အတွက် ပညာဓိကကျောင်းမှ ‌‌ အခမဲ့ တာဝန်ယူပေးပြီး စာမေးပွဲဆက်လက် ဖြေဆိုနိုင်စေရေးအတွက် တဖက်တလှမ်းမှ ကူညီ‌ ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။အောင်မြေသစ် ကိုယ်ပိုင်ကျောင်း သည် ကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေး မှ grade 12 ကျောင်းသူ တစ်ဦးကို အလိုမတူဘဲ အဓမ္မ မုဒိန်းပြုကျင့်ခြင်းကြောင့်ဇန်နဝါရီ ၁၈ ရက်က ဖမ်းဆီးခံရပြီးကျောင်းသား မိဘများလည်းကလေးများပြန်ခေါ်ခဲ့ကြကြောင်းသိရသည်။

news-view-count-icon

15