စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် အလှပြယာဉ်များဖြင့် လှည့်လည် ပြသနေ

Jan 21 • 2:16 AM

breaking-news

မြန်မာ

ရခိုင်

cover

စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် အလှပြယာဉ်များဖြင့် လှည့်လည် ပြသနေ

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်မည့် ရခိုင်ပြည် မြို့တော် စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ယခုရက်ပိုင်းအတွင်း အလှပြယာဉ်များဖြင့် လှည့်လည်ပြသလျက်ရှိ...

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်မည့် ရခိုင်ပြည် မြို့တော် စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ယခုရက်ပိုင်းအတွင်း အလှပြယာဉ်များဖြင့် လှည့်လည်ပြသလျက်ရှိကြောင်း ပွဲကျင်းပရေးကော်မတီမှ ယနေ့ ထုတ်ပြန်ထားသည်။ စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့်နေ့မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ဖြစ်သော်လည်း ရခိုင်သက္ကရာဇ် ၁၁၈၇ ခု တပို့တွဲလဆန်း ၅ ရက်ကို တွက်ချက်ယူရာ၌ ၂၀၂၆ ဇန်နဝါရီလ ၂၂ ရက်တွင် ကျရောက်နေကြောင်း သိရသည်။ ယင်းနေ့တွင် ဝင်္ကဘာကွင်း၌ အလှူပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဖျော်ဖြေရေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် ပွဲကျင်းပရေးကော်မတီက ဆိုသည်။ ယင်းအပြင် စစ်တွေမြို့တည် အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း အလွတ်တန်း မီနီမာရသွန် အပြေးပြိုင်ပွဲတစ်ခုကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။


news-view-count-icon

17