ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ မြန်မာများအနေများသည့် နှုတ်ခမ်းမွှေး ခေါင်ဆောင်သည့် ထိုင်းမျိုးချစ်အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာတချို့ ကိုယ်ထိလက် ရောက် စော်ကားခံရကြောင်း ထိုင်းရောက် မြန်မာတချို့ကပြောသည်။ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်း ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ မြန်မာများအနေ များ သည့် စင်ထိဝါ ရပ်ကွက်အတွင်းသို့ နှုတ်ခမ်းမွှေး ခေါင်းဆောင်သည့် ထိုင်းမျိုးချစ်အဖွဲ့များက ရောက်ရှိလာကြောင်း၊ ယင်းနောက် မြန်မာတချို့လည်း ကိုယ်ထိလက်ရောက် စော်ကား ရိုက်နှက်ခံရကြောင်း သိရှိရသည်။ "အယုဒ္ဓယမှာ မြန်မာတစ်ဦးက ထိုင်းတစ်ဦးတို့ ကားချင်းတိုက်မိရာကနေ ပြဿနာစတာ။ ကားနဲ့ လိုက်တိုက်တယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ အဲဒါကို အကြောင်းပြုပြီး ထိုင်းမျိုးချစ်အဖွဲ့က သူတို့ ဆိုင်ကယ်တွေ၊ လူတွေ အုပ်စုလိုက်ကြီး ဝင်လာတာ။ စစ်ဆေးရေး ဝင်တဲ့ပုံစံမျိုးဝင်တာ။ အဲဒီမှာ သူတို့နဲ့ စကားပြောရင်းဘာဖြစ်တယ်တော့မသိဘူး။ မြန်မာတချို့လည်း အရိုက်ခံရတယ်။ ၀ိုင်းရိုက်တဲ့သဘောမျိုးပဲ" ဟု အယုဒ္ဓယမြို့တွင် ရောက်ရှိနေသည့် မြန်မာတစ်ဦးကရှင်းပြသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားတချို့နှင့် ထိုင်းတချို့အကြား ခိုက်ရန်ဖြစ် ပွားမှုများရှိလာပြီးနောက် နှုတ်ခမ်းမွှေးဦးဆောင်သော ထိုင်းမျိုးချစ်အဖွဲ့များ ပြန် လည် ထွက်ပေါ်လာကာ မြန်မာအများစုနေထိုင်သော ရပ်ကွက်များနှင့် နေရာများသို့ လှည့်လည်စစ်ဆေးမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ 
ထိုင်းနိုင်ငံ၊ အယုဒ္ဓယတွင် ထိုင်းမျိုးချစ်အဖွဲ့က မြန်မာများအနေများသည့် ရပ်ကွက်များကို ဝင်ရောက်စစ်ဆေးခဲ့
Jan 20 • 3:36 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


