ကာရစ်က မန်ယူလူငယ်ပရိသတ်တွေအတွက် ဖာဂူဆန်ခေတ်က အရသာမျိုး ပေးနိုင်ခဲ့တယ်လို့ ရွန်နီ သုံးသပ်

Jan 20 • 2:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကာရစ်က မန်ယူလူငယ်ပရိသတ်တွေအတွက် ဖာဂူဆန်ခေတ်က အရသာမျိုး ပေးနိုင်ခဲ့တယ်လို့ ရွန်နီ သုံးသပ်

မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်နီက လက်ရှိယာယီနည်းပြ ကာရစ်ဟာ မန်ယူလူငယ်ပရိသတ်တွေအတွက် ဖာဂူဆန်ခေတ်က အရသာမျိုး ပေးနိုင်ခဲ့တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ကာရ...

မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်နီက လက်ရှိယာယီနည်းပြ ကာရစ်ဟာ မန်ယူလူငယ်ပရိသတ်တွေအတွက် ဖာဂူဆန်ခေတ်က အရသာမျိုး ပေးနိုင်ခဲ့တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ကာရစ်က ပွဲဦးထွက်အဖြစ် ကိုင်တွယ်ခဲ့ရတဲ့ မန်ချက်စတာဒါဘီပွဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ရုံသာမက ခြေစွမ်းပိုင်းမှာလည်း အသာစီးယူကစားနိုင်ခဲ့တာပါ။ဒါကြောင့် ချီးကျူးများစွာ ရရှိခဲ့ပြီး ရွန်နီကလည်း သူ့ရဲ့ BBC podcast The Wayne Rooney Show အစီအစဉ်မှာ ချီးကျူးသုံးသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ကာရစ်ဟာ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ၂၀၂၁ ခုနှစ်မှာ တာဝန်ယူခဲ့တုန်းကလည်း (၂)ပွဲနိုင်၊ (၁)ပွဲသရေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

news-view-count-icon

15