ထိုင်း၊ ဥထုံဌာနီမှာ အတွင်းခံသူခိုးတစ်ကောင် သောင်းကျန်းနေ

Jan 18 • 1:57 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း၊ ဥထုံဌာနီမှာ အတွင်းခံသူခိုးတစ်ကောင် သောင်းကျန်းနေ

ထိုင်းနိုင်ငံ၊ဥထုံဌာနီတွင်အမှိုက်ကောက်၊ ပလုံကောက်သူ ပုံစံဟန်ဆောင်ပြီး အဝတ်လျှော်စက်တွေကနေ အမျိုးသမီးအတွင်းခံတွေ၊ အင်္ကျီတွေ ခိုးသူတစ်ယောက် သောင်းကျန်းနေတယ်လို့ ...

ထိုင်းနိုင်ငံ၊ဥထုံဌာနီတွင်အမှိုက်ကောက်၊ ပလုံကောက်သူ ပုံစံဟန်ဆောင်ပြီး အဝတ်လျှော်စက်တွေကနေ အမျိုးသမီးအတွင်းခံတွေ၊ အင်္ကျီတွေ ခိုးသူတစ်ယောက် သောင်းကျန်းနေတယ်လို့ CCTV မှာ ဖမ်းယူရရှိပြီး Kud Jab ဒေသမှာ တပ််လှန့်မှုတွေဖြစ်နေပါတယ်။ ပထမဆုံးခိုးယူမှုကို Laundromat မှာ သူက ခိုးယူတာဖြစ်ပြီး မခိုးခင်မှာ သူက ကားကို အဝတ်လျှော်စက်ရဲ့ လမ်းတစ်ဖက်ခြမ်းမှာ ကားကို ရပ်၊ ဆိုင်ထဲဝင်လာ အမျိုးသမီးအထည်တွေကို ခြင်းထဲထည့်ပြီး ရုပ်တည်နဲ့ ထွက်သွားတာပါ။(၂) နာရီလောက်ကြာတော့ ဒီလူက မုန့်တွေကို တွန်းလှည်းလိုက်ဝယ်နေတာကို သူသွားရာ CCTV လမ်းကြောင်းတစ်လျှောက်ကြည့်ရင်းတွေ့ခဲ့ပါတယ်။ အဝတ်လျှော်စက်ဆိုင်က ဝန်ထမ်းတွေကတော့ ဒီလူဟာ အမြဲတမ်း လှည်းတစ်စီးနဲ့ ပလုံကောက်နေတာဖြစ်တဲ့အတွက် သူ့ကို ဘယ်သူမှ မသင်္ကာမဖြစ်မိကြောင်း၊ အခုမှသာ လက်ပူးလက်ကြပ်မိလို့ အံ့သြရကြောင်းပြောပါတယ်။

news-view-count-icon

9