DEMU ရထားတွဲဆိုင်းသစ်များဖြင့် ပြေးဆွဲနေသည့် နေပြည်တော်-ရန်ကုန် အမြန်ရထား

Jan 16 • 4:44 AM

breaking-news

မြန်မာ

နေပြည်တော်

cover

DEMU ရထားတွဲဆိုင်းသစ်များဖြင့် ပြေးဆွဲနေသည့် နေပြည်တော်-ရန်ကုန် အမြန်ရထား

နေပြည်တော်မှ ရန်ကုန်သို့ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ပြေးဆွဲပေးနေသည့် အမြန်မီးရထားသည် ခေတ်မီသန့်ရှင်းသပ်ရပ်မှုများကြောင့် ခရီးသွားများအကြား ရေပန်းစားလျက်ရှိ...

နေပြည်တော်မှ ရန်ကုန်သို့ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ပြေးဆွဲပေးနေသည့် အမြန်မီးရထားသည် ခေတ်မီသန့်ရှင်းသပ်ရပ်မှုများကြောင့် ခရီးသွားများအကြား ရေပန်းစားလျက်ရှိသည်။ အဆိုပါရထားတွင် အထက်တန်းတွဲ ၂ တွဲနှင့် ပထမတန်း ၄ တွဲ၊ စုစုပေါင်း တွဲဆိုင်း ၆ ဆိုင်းပါဝင်ပြီး အထက်တန်းလက်မှတ်ကို ၂၈,၀၀၀ ကျပ်၊ ပထမတန်းကို ၁၉,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ခရီးစဉ်တစ်လျှောက် ပျဉ်းမနား၊ တောင်ငူ၊ ဖြူး၊ ပဲခူးနှင့် တိုးကြောင်ကလေးဘူတာတို့တွင် ခေတ္တရပ်နားပြီး စုစုပေါင်း ကြာမြင့်ချိန် ၅ နာရီခွဲခန့်သာရှိသည်။ ရထားပေါ်တွင် လေအေးပေးစက်၊ သန့်ရှင်းသော အိမ်သာများ၊ အစားအသောက်တင်ခုံများနှင့် အမှိုက်ပုံးများကို စနစ်တကျ စီစဉ်ပေးထားသည့်အပြင် မီးရထားဝန်ထမ်းများကလည်း အစားအသောက်များကို သင့်တင့်သောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးကာ သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

20