ရန်ကုန်မြို့၊ သုဝဏ္ဏ ကမာကြည်လမ်းပေါ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့် ပွဲဈေးတန်း

Jan 16 • 3:27 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့၊ သုဝဏ္ဏ ကမာကြည်လမ်းပေါ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့် ပွဲဈေးတန်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ ကမာကြည်လမ်းမပေါ်တွင် ဘုရားပွဲတော်နှင့်အတူ တွဲဖက်၍ ပွဲဈေးတန်းကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ အဆိုပ...

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ ကမာကြည်လမ်းမပေါ်တွင် ဘုရားပွဲတော်နှင့်အတူ တွဲဖက်၍ ပွဲဈေးတန်းကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ အဆိုပါ ပွဲဈေးတန်းတွင် ဒေသထွက် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် ကလေးကစားကွင်းများ ပါဝင်သဖြင့် ညနေပိုင်းနှင့် ညဉ့်ဦးပိုင်းအချိန်များတွင် လာရောက်လည်ပတ်သူ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။ ပွဲဈေးတန်းကြောင့် ကမာကြည်လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုအချို့ ရှိနိုင်သော်လည်း ဒေသခံများနှင့် ခရီးသွားပြည်သူများအတွက် ပျော်ပွဲရွှင်ပွဲနှင့် ဈေးဝယ်ထွက်ရာ နေရာတစ်ခုအဖြစ် လူစိတ်ဝင်စားမှု များပြားနေသည့် နေရာတစ်ခုဖြစ်ပါသည်။

news-view-count-icon

21