back

၂၀၂၅ ခုနှစ်အတွင်း ကချင်ပြည်နယ်မှ လွတ်မြောက်လာသည့် အကျဉ်းသား ၁၁၇ ဦးကို ICRC က နေရပ်ပြန်စရိတ် ထောက်ပံ့ပေးခဲ့

Jan 16 • 3:25 AM

breaking-news

မြန်မာ

ကချင်

cover

၂၀၂၅ ခုနှစ်အတွင်း ကချင်ပြည်နယ်မှ လွတ်မြောက်လာသည့် အကျဉ်းသား ၁၁၇ ဦးကို ICRC က နေရပ်ပြန်စရိတ် ထောက်ပံ့ပေးခဲ့

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြစ်ကြီးနားရုံးသည် ၂၀၂၅ ခုနှစ်အတွင်း ကချင်ပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသူ ၁၁၇ ဦးအား ၎င်းတို့၏ နေရ...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြစ်ကြီးနားရုံးသည် ၂၀၂၅ ခုနှစ်အတွင်း ကချင်ပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသူ ၁၁၇ ဦးအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ခရီးစရိတ်များ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။ "မိမိနေအိမ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိစေရေး" အစီအစဉ်အရ ဆက်သွယ်ရေးအခက်အခဲနှင့် ခရီးစရိတ်ကြီးမြင့်သည့်ဒေသများရှိ အကျဉ်းသားများကို ဦးစားပေးကူညီခဲ့ခြင်းဖြစ်ပြီး၊ ယင်းအစီအစဉ်ကြောင့် မြစ်ကြီးနားမှ ရန်ကုန်ကဲ့သို့ ဝေးလံသောဒေသများသို့ ပြန်မည့်သူများအတွက် မိသားစုနှင့် ပြန်လည်ဆုံတွေ့နိုင်ရန် များစွာအထောက်အကူဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

27