ထိုင်းနိုင်ငံ မှာ ရောက်နေတယ်ဆိုရင်တော့ စည်ကားလှတဲ့ ၊ အရသာရှိလှတဲ့ ရွေးချယ်စရာ ညဈေးတွေက အများကြီးပါပဲ။ ဒီနိုင်ငံရဲ့ ညဈေးတန်းတွေဟာ ကမ္ဘာ့အကောင်းဆုံးစာရင်းမှာ ပါဝင်တယ်ဆိုတာ အခုတော့ သက်သေပြလိုက်နိုင်ပါပြီ။ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေဖြစ်တဲ့ Travelbag ရဲ့ လေ့လာမှုအသစ်အရ ဘန်ကောက် က Chatuchak Weekend Market ဟာ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ညဈေးတန်းအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ ပိုကောင်းတဲ့အချက်ကတော့ ကမ္ဘာ့ထိပ်တန်း ၁၀ ခုစာရင်းမှာ ထိုင်းနိုင်ငံ က နေရာ ၃ ခု ရယူထားနိုင်ပြီး အဲဒီအထဲက ဘန်ကောက် က ဈေး ၂ ခုဟာ ထိပ်ဆုံး ၃ နေရာစာရင်းမှာ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ဒီလေ့လာမှုမှာ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး ညဈေးတန်းနေရာတွေကို ရွေးချယ်ဖို့အတွက် လုံခြုံရေးဆိုင်ရာ ရမှတ်တွေ၊ နှစ်အလိုက် ရှာဖွေမှုပမာဏ၊ လူမှုကွန်ရက်ပေါ်က တုံ့ပြန်မှုတွေနဲ့ ခရီးသွားတွေရဲ့ သုံးသပ်ချက်တွေကို ထည့်သွင်းဆန်းစစ်ခဲ့တာပါ။Chatuchak Weekend Market ဟာ နှစ်စဉ်ရှာဖွေမှု ၄.၄ သန်း၊ TikTok post ပေါင်း ၁၄,၆၀၀ နဲ့ Google rating ၄.၄/၅ ရှိခဲ့ပြီး ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။ ဆိုင်ခန်းပေါင်း ၁၅,၀၀၀ နဲ့ ကမ္ဘာ့အကြီးဆုံးဈေးတွေထဲက တစ်ခုဖြစ်တဲ့ Chatuchak မှာ Pad Thai ၊ အုန်းနို့ရေခဲမုန့်နဲ့ အသားကင်လိုမျိုး ရိုးရာ ထိုင်းလမ်းဘေးအစားအစာတွေကနေ အဝတ်အထည်နဲ့ ရှေးဟောင်းပစ္စည်းတွေအထိ စုံလင်အောင် ရနိုင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ညဈေး ၃ ခုဟာ ကမ္ဘာ့အကောင်းဆုံး ၁၀ ခုထဲမှာ ပါဝင်နေ
Jan 15 • 2:33 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


