back

မြန်မာ့ဖရဲများ တရုတ်ဈေးကွက်တွင် ဈေးကောင်းမရဖြစ်နေ

Jan 14 • 8:55 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့ဖရဲများ တရုတ်ဈေးကွက်တွင် ဈေးကောင်းမရဖြစ်နေ

တရုတ်ဈေးကွက်သို့ လာအိုနိုင်ငံထွက် ဖရဲများဝင်ရောက်မှုကြောင့် မြန်မာ့ဖရဲများ ဈေးကောင်းမရဖြစ်နေကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။လာအိုနိုင်ငံထွက် ဖရဲမ...

တရုတ်ဈေးကွက်သို့ လာအိုနိုင်ငံထွက် ဖရဲများဝင်ရောက်မှုကြောင့် မြန်မာ့ဖရဲများ ဈေးကောင်းမရဖြစ်နေကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။လာအိုနိုင်ငံထွက် ဖရဲများ အဝင်များနေခြင်းနှင့် ရာသီဥတုအခြေအနေကြောင့် ဈေးကောင်မရဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။တရုတ်ဈေးကွက်တွင် ဈေးမရရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားရောင်းချနေကြောင်း သိရသည်တရုတ်နိုင်ငံသို့ ဖရဲတင်ပို့ရာတွင် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ပိတ်ထားခြင်းကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလော့ဂိတ်မှတဆင့် တင်ပို့ရခြင်းဖြစ်သည်။

အဆိုပါလမ်းပိုင်းသည် လမ်းခရီးကြန့်ကြာသည့်အပြင် ရာသီဥတုကြောင့် တရုတ်ဈေးကွက်အရောက်တွင် အသီးအရည်အသွေးမှာ ကျသွားကြောင်း ကုန်သည်များက ဆိုသည်။ (၁၀၅) မိုင်-ဝမ်တိန်မှာ ရောင်းတုန်းက ဖရဲအစီး (၂၀၀) လောက် တစ်မနက်နဲ့ပြတ်တယ်။အခုအစီး (၁၅-၂၀) လောက်နဲ့ခပ်အီအီ။ ကိုယ်တွေလိုဘဲ သူတို့မှာလည်း စားသောက်ဆိုင်မှာ သစ်သီးဗန်းတွေနဲ့ ဇိမ်ခံမနေနိုင်တော့ဘူး။ ဈေးကွက်ပေါက်ဈေး သတင်းအချက်အလက်တွေ မျက်ခြေမပြတ်စောင့်ကြည့်ပြီး ဈေးအေးတာနဲ့ ခူးစွတ်တင်ပို့မှုဆိုင်းငံ့ပါ။ ခုလိုမျိုးပေါက်ဈေးနဲ့တော့မတင်သင့်သေးပါ။ ပြည်တွင်းဈေးကွက်ပို့ရင် အသီးဖိုးအနည်းအများတော့ ပြန်ရမှာပါ" ဟု သစ်သီးကုန်သည်တစ်ဦးက အကြံပြုထားသည်။


news-view-count-icon

31