back

လက်ရှိဘဏ္ဍာနှစ် ကိုးလတာ ကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ် တန်နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့

Jan 14 • 8:52 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

လက်ရှိဘဏ္ဍာနှစ် ကိုးလတာ ကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ် တန်နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ငါးမက်ထရစ်တန်နှစ်သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်...

မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ငါးမက်ထရစ်တန်နှစ်သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက် မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ကိုးလတာ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၁၁၃၅၁၃ ဒသမ ၈၂၇ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၇၇ ဒသမ ၅၅၁ သန်းရရှိခဲ့ကြောင်း၊ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၁၁၄၂၄၂ ဒသမ ၇၄ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၁၀၁ ဒသမ ၃၆၈ သန်းရရှိသည့် အတွက် စုစုပေါင်း ငါးမက်ထရစ်တန် ၂၂၇,၇၅၆ ဒသမ ၅၆၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၉၁၉ သန်းရရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ငါးအပါအဝင် တခြားရေထွက်ကုန်များလည်း တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ မက်ထရစ်တန် ၃၂၅,၇၁၉ ဒသမ ၁၂၉ တန် တင်ပို့ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံမှ ရေထွက်ကုန်များကိုတရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှလည်း တို-က်ရို-က် တင်ပို့လျက်ရှိကြောင်း သိရသည်။

news-view-count-icon

39