ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်းဘောနယ်မြေရှိ ဂုံးကျော်တံတားတစ်ခုတွင် ကွမ်းတံတွေးမထွေးရန် မြန်မာဘာသာဖြင့် သတိပေးစာကပ်ထားသည့် စာရွက်ပေါ်၌ပင် မြန်မာနိုင်ငံသားဟု ယူဆရသူတစ်ဦးက စည်းကမ်းမဲ့စွာ ကွမ်းတံတွေးထွေးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီလ ၁၃ ရက်တွင် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။ ဘန်ကောက်စည်ပင်သာယာဌာနအနေဖြင့် အများပြည်သူပိုင်နေရာများတွင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းအတွက် ဒဏ်ငွေ ဘတ် ၂,၀၀၀ အထိ ပေးဆောင်ရမည်ဟု မြန်မာဘာသာဖြင့်ပါ သတိပေးနှိုးဆော်ထားသော်လည်း ယခုကဲ့သို့ လိုက်နာမှုမရှိသည့် လုပ်ရပ်များကြောင့် ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူများက နိုင်ငံသားကောင်းပီသစွာ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန် အလေးအနက် တိုက်တွန်းပြောကြားနေပါသည်။
ဘန်ကောက်တွင် ကွမ်းတံတွေးမထွေးရန် သတိပေးစာပေါ်၌ပင် စည်းကမ်းမဲ့ထွေးမှုဖြစ်ပွား၊ ဒဏ်ငွေ ဘတ် ၂,၀၀၀ အထိ ချမှတ်နိုင်
Jan 13 • 4:29 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 56 | 0 | 0 | 0 |


