အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် Lake Placid ကျေးရွာတွင် ဇန်နဝါရီ ၁၁ ရက်က ကျင်းပသည့် FIS အလွတ်နှင်းလျှောစီး လေပေါ်ဝဲကမ္ဘာ့ဖလားပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ဝမ်ရှင်းသီက အမျိုးသားချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး သြစတြေးလျနိုင်ငံမှ Danielle Scott က အမျိုးသမီးချန်ပီယံဆုကို ရရှိခဲ့ကြောင်း သိရသည်။ဝမ်က အမျိုးသားဗိုလ်လုပွဲတွင် ခက်ခဲမှုအဆင့်ဒီဂရီ ၅.၀၀၀ ရှိသော ခုန်ချမှုဖြင့် ၁၀၃.၅၀ မှတ်ရရှိခဲ့သည်။ ယူကရိန်းနိုင်ငံမှ Yan Havriuk က ၉၄.၁၂ မှတ်ဖြင့် ဒုတိယရရှိခဲ့သည်။ တရုတ်နိုင်ငံမှ ချီကွမ်ဖူကလည်း ၉၄.၁၂ မှတ်ရရှိခဲ့သော်လည်း Yan Havriuk က ခြေစွမ်းပိုပြနိုင်ခဲ့သဖြင့် တတိယနေရာ၌ ရပ်တည်ခဲ့သည်။ နောက်ထပ်လေပေါ်ဝဲပြိုင်ပွဲတစ်ခုကို ဇန်နဝါရီ ၁၂ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ဝမ်ရှင်းသီက Lake Placid ၌ကျင်းပသည့် လေပေါ်ဝဲကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမျိုးသားချန်ပီယံဆုရရှိ
Jan 13 • 3:58 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


