back

သြစတြေးလျရဲ့ လူမှုမီဒီယာ တားမြစ်မှုကြောင့် Meta ကုမ္ပဏီက အကောင့် ၅ သိန်းခွဲကို တားမြစ်

Jan 13 • 3:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

သြစတြေးလျရဲ့ လူမှုမီဒီယာ တားမြစ်မှုကြောင့် Meta ကုမ္ပဏီက အကောင့် ၅ သိန်းခွဲကို တားမြစ်

သြစတြေးလျရဲ့ ကလေးတွေအတွက် လူမှုမီဒီယာ တားမြစ်မှု ပထမဆုံး နေ့ရက်တွေအတွင်း အကောင့် ၅ သိန်းခွဲကို Meta ကုမ္ပဏီက တားမြစ်ခဲ့ပါတယ်။ဒီဇင်ဘာလက အသက်ဝင်လာတဲ့ ဥပဒေသစ် တစ်ရ...

သြစတြေးလျရဲ့ ကလေးတွေအတွက် လူမှုမီဒီယာ တားမြစ်မှု ပထမဆုံး နေ့ရက်တွေအတွင်း အကောင့် ၅ သိန်းခွဲကို Meta ကုမ္ပဏီက တားမြစ်ခဲ့ပါတယ်။ဒီဇင်ဘာလက အသက်ဝင်လာတဲ့ ဥပဒေသစ် တစ်ရပ်အရ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် အပါအဝင် ကမ္ဘာ့ လူကြိုက် အများဆုံး လူမှုမီဒီယာတွေအနေနဲ့ အသက် ၁၆နှစ်အောက် သြစတြေးလျ နိုင်ငံသားတွေရဲ့ အကောင့်တွေကို သူတို့ရဲ့ လူမှုမီဒီယာတွေကနေ ဖယ်ရှားဖို့ လိုအပ်လာပါတယ်။ကမ္ဘာတဝှမ်းက အနီးကပ်စောင့်ကြည့်နေတဲ့ အဲဒီ တားမြစ်မှုဟာ ကလေးတွေ အန္တရာယ် မဖြစ်စေရေး လိုအပ်တဲ့ တားမြစ်ချက် ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ အစိုးရက ပြောပါတယ်။

လူငယ်တွေကို အွန်လိုင်းပေါ်မှာ ဘေးအန္တရာယ် ကင်းအောင်ထားဖို့ အခုထက်ပိုလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သဘောတူကြောင်း Meta အပါအဝင် ကုမ္ပဏီတွေက ပြောပါတယ်။ အဲဒီကုမ္ပဏီတွေက တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ဆက်လက် စောဒက တက်နေကြပြီး ပညာရှင် တချို့ကလည်း အလားတူ စိုးရိမ်မှုတွေကို တင်ပြထားကြပါတယ်။ဥပဒေအသစ် အသက်ဝင်လာပြီးနောက် ပထမဆုံး သီတင်းပတ်အတွင်း အင်စတာဂရမ် အကောင့် ၃၃၀,၆၃၉ ခု၊ ဖေ့စ်ဘွတ်ခ် အကောင့် ၁၇၃,၄၉၇ ခုနဲ့ Threads အကောင့် ၃၉၉၁၆ ခုကို တားမြစ်ခဲ့တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြပါတယ်။အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ကနေ ဥရောပသမဂ္ဂအထိ အစိုးရ အဖွဲ့တွေက လူမှုမီဒီယာကို အရွယ်ငယ်တဲ့ ကလေးတွေ အသုံးပြုမှု တားမြစ်ရေး လေ့လာစီစဉ်နေကြပါတယ်။



news-view-count-icon

26