ကချင်ပြည်နယ်၊ဖားကန့်တွင် ဒေသခံများအား မှတ်ပုံတင်ပြုလုပ်ပေးနေ

Jan 13 • 2:47 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊ဖားကန့်တွင် ဒေသခံများအား မှတ်ပုံတင်ပြုလုပ်ပေးနေ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒေသခံပြည်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ အချိန်တိုအတွင်း နိုင်ငံသာ...

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒေသခံပြည်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ အချိန်တိုအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေ ပြုလုပ်ပေးနေတာဟာ ရွေးကောက်ပွဲအတွက် ဖြစ်တယ်လို့ သုံးသပ်မိကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ ဖားကန့်ဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားအားလုံး ဆယ်နှစ်အထက် ပြည့်တဲ့သူတွေ နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) မလုပ်ထားတဲ့သူတွေ အကုန်လုံးကိုပြုလုပ်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) ပြုလုပ်တဲ့သူတွေ များတဲ့အတွက် လိုင်စင်ပုံရိုက်တဲ့ဆိုင်တွေ၊ သွေးစစ်တဲ့ဌာန ၊ဆေးခန်းတွေမှာ လူတွေပုံမှန်ထက် များနေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး ဖားကန့်မြို့နယ် စုပေါင်းရုံးမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)တွေ ပြုလုပ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

35