back

ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ၁၆ ရက်နေ့အထိ ကျန်းမာရေးထိခိုက်စေလောက်အောင် လေထုညစ်ညမ်းမှု ဆိုးရွားမည်ဖြစ်

Jan 13 • 2:41 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ၁၆ ရက်နေ့အထိ ကျန်းမာရေးထိခိုက်စေလောက်အောင် လေထုညစ်ညမ်းမှု ဆိုးရွားမည်ဖြစ်

ထိုင်းနိုင်ငံ၊ဘန်ကောက်ရဲ့ ခရိုင် ၅၀ ရှိတဲ့အနက် ၂၇ ခုမှာ အခုပြီးခဲ့တဲ့ တနင်္ဂနွေကနေစပြီး လာမယ့် သောကြာနေ့အထိ လေထု ညစ်ညမ်းမှုက တော်တော်လေး ဆိုးရွားဖို့ရှိနေပါတယ်။...

ထိုင်းနိုင်ငံ၊ဘန်ကောက်ရဲ့ ခရိုင် ၅၀ ရှိတဲ့အနက် ၂၇ ခုမှာ အခုပြီးခဲ့တဲ့ တနင်္ဂနွေကနေစပြီး လာမယ့် သောကြာနေ့အထိ လေထု ညစ်ညမ်းမှုက တော်တော်လေး ဆိုးရွားဖို့ရှိနေပါတယ်။ မြို့တော်ခန်းမရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ခရိုင် ၂၇ ခုလုံးက လိမ္မော်ရောင်အဆင့်ဖြစ်နေပြီး တော်တော်လေး အခြေအနေဆိုးနေတာပါ။ အဆိုးရွားဆုံး ခရိုင် ၁၀ ခုက Pathum Wan (50.3), Chatuchak (48.2), Prawet (45.8), Bang Rak (44.7), Sathorn (44), Lat Karbang (43), Thawi Watthana (43), Ratchathewi (42.9), Nong Khaem (42.9) နဲ့ Lak Si (42.2) တို့ဖြစ်ပြီး အခုလာမယ့် ၁၆ ရက်နေ့အထိ ဘန်ကောက်မှာ လေတိုက်ခတ်တာတွေ နည်းနေမှာဖြစ်တဲ့အတွက် ဖုန်မှုန့်တွေကို ပိတ်လှောင်ထားသလိုဖြစ်ပြီး၊ လေထုညစ်ညမ်းနေမှာပါ။ဘန်ကောက်မြို့တော်သာယာရေးရဲ့ အကြံပြုချက်အရတော့ ရုံးသမားတွေဆိုရင် ဒီအပတ်ထဲ တတ်နိုင်သမျှ Work From Home လုပ်ဖို့ညွှန်ကြားထားပြီး ကားတွေက ထွက်တဲ့ မီးခိုးငွေ့တွေကို လျှော့ချဖို့တိုက်တွန်းထားပါတယ်။

news-view-count-icon

27