ရီးယဲလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ စီရော်နယ်လ်ဒို၊ ဘန်ဇီမာ၊ ပွတ်ရှ်ကပ်စ်တို့ရဲ့ ရီးယဲလ်ကစားသမားဘဝ ဗိုလ်လုပွဲဂိုးပါဝင်ပတ်သက်မှုစံချိန်ကို စပိန်စူပါဖလားဗိုလ်လုပွဲမှာ လိုက်မီခဲ့ကြောင်း သိရပါတယ်။မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရီးယဲလ်က ဘာစီလိုနာကို (၂-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဗင်နီစီယပ်စ်က အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုတို့ရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့တာပါ။ဗင်နီစီယပ်စ်ဟာ ရီးယဲလ်အသင်းအတွက် ဗိုလ်လုပွဲ (၁၅)ပွဲ ယှဉ်ပြိုင်ကစားရာမှာ (၉)ဂိုးသွင်းယူပြီး (၇)ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ဂိုးပါဝင်ပတ်သက်မှု (၁၆)ဂိုးရှိသွားခဲ့ပြီး စီရော်နယ်လ်ဒိုတို့ (၃)ဦးရဲ့စံချိန်ကို လိုက်မီသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။



