back

e-ID စနစ်နဲ့ SIM–Registration စနစ်တွေ တိုက်ရိုက်ချိတ်ဆက် စိစစ်နိုင်ဖို့ စီစဉ်နေ

Jan 12 • 4:21 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

e-ID စနစ်နဲ့ SIM–Registration စနစ်တွေ တိုက်ရိုက်ချိတ်ဆက် စိစစ်နိုင်ဖို့ စီစဉ်နေ

e-ID စနစ်နဲ့ SIM–Registration စနစ်တွေ တိုက်ရိုက်ချိတ်ဆက် စိစစ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က မြန်မာနိုင်ငံ၏ ငွေပေး...

e-ID စနစ်နဲ့ SIM–Registration စနစ်တွေ တိုက်ရိုက်ချိတ်ဆက် စိစစ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က မြန်မာနိုင်ငံ၏ ငွေပေးချေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးမဟာဗျူဟာအဆင့်တွင် ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတော်ငွေပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီ (၁/၂၀၂၆) အစည်းအဝေးကိုပြုလုပ်ခဲ့တယ်လိုဆိုပါတယ်။ငွေကြေးခဝါချမှုတွေနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တွေ တားဆီးကာကွယ်နိုင်ဖို့ အတွက် ဘဏ်စာရင်းတွေ ၊ မိုဘိုင်းငွေကြေးစာရင်းတွေရဲ့ အချက်အလက်မှန်ကန်မှုအတွက် e-KYC VMS စနစ်တည်ဆောက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်နေတဲ့ e-ID စနစ်နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ SIM–Registration စနစ် တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး စိစစ်နိုင်ရေးဆောင်ရွက်သွားမယ်လို့သိရပါတယ်။e -Commerce Platform တွေ နဲ့ ငွေပေးချေမှု တွေချိတ်ဆက်ဆောင်ရွက်မှုကို စောင့်ကြည့်နိုင်ဖို့နဲ့ အခွန်အခ တွေ သတ်မှတ်ချက်နဲ့အညီ ရရှိနိုင်ရေး၊ ငွေသားသုံးစွဲမှုလျှော့ချပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှု တွေ ပိုမိုဆောင်ရွက်နိုင်ရေး၊ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေတာ ကို ဥပဒေနဲ့ အညီ ကြီးကြပ်ကွပ်ကဲနိုင်ရေး ကိစ္စရပ် တွေ ကို လည်း ထည့်သွင်းရေးဆွဲသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။




news-view-count-icon

29