လေယာဉ်(၂) စီး ကို အငှားစနစ် နဲ့ လုပ်ငန်း လုပ်ဆောင်လိုသူတွေ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က သိရပါတယ်။ဒါနဲ့ပတ်သက်လို့ လက်ရှိမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်း က အိတ်ဖွင့်တင်ဒါခေါ်ယူထားပါတယ်။စိတ်ဝင်စားသူတွေအနေနဲ့ ဇန်နဝါရီ ၁၄ ရက်မှာ တင်ဒါပုံစံ တွေ ရောင်းချမှာဖြစ်ပြီး ၊ ဖေဖော်ဝါရီ ၆ ရက်မှာ တင်ဒါပုံစံ တွေ နောက်ဆုံးတင်သွင်းသွားလျှောက်ထားသွားနိုင်တယ်လို့သိရပါတယ်။ဆက်လက်ပြီး မတ် ၆ ရက်မှာ တင်ဒါဖွင့်သွားမယ်လို့သိရပါတယ်။
လုပ်ငန်းရှင်တွေ အနေနဲ့ အသေးစိတ်အချက်အလက်တွေကို မြန်မာအမျိုးသားလေကြောင်း ၊ တင်ဒါကော်မတီ မှာ စုံစမ်းဆောင်ရွက်သွားနိုင်တယ်လို့သိရှိရပါတယ်။



