၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ၊ တစ်နှစ်အတွင်း တိုင်ကြားခံရသည့်လုပ်ငန်းများအနက် ၎င်းလုပ်ငန်းနှစ်ခုတို့တွင် အများဆုံးဖြစ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန (စီးပွား/ကူးသန်း)၊ စားသုံးသူရေးရာဦးစီးဌာန (မန္တလေးဌာနခွဲ)နှင့် နီးစပ်သူများထံမှ သိရသည်။လူသုံးကုန်ပစ္စည်းလုပ်ငန်း၊ ဆက်သွယ်ရေး၀န်ဆောင်မှုလုပ်ငန်း၊ ရောင်းချပြီးနောက်၀န်ဆောင်မှုလုပ်ငန်း၊ အီလက်ထရောနစ် ကူးသန်းရောင်း၀ယ်ရေး၀န်ဆောင်မှုလုပ်ငန်း၊ ငွေကြေး၀န်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ဆောင်မှု လုပ်ငန်း၊ အခြား၀န်ဆောင်မှုလုပ်ငန်းဟူ၍ ၀န်ဆောင်မှုလုပ်ငန်းများရှိသည့်အနက်မှ ၎င်းလုပ်ငန်းနှစ်ခုက တိုင်ကြားခံရမှုအများဆုံးဖြစ်ကြောင်း သိရသည်။စီးပွားရေးနှင့် ကူးသန်း၀န်ကြီးဌာနမှရရှိထားသည့်စာရင်းအရ ၂၀၂၅ ခု၊ တစ်နှစ်အတွင်း စားသုံးသူတိုင်ကြားမှု စုစုပေါင်း(၂၈၅)မှု ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တိုင်ကြားမှုအများဆုံးဖြစ်ကြောင်းလည်း သိရသည်။



