back

ထိုင်းတောင်ပိုင်း၊ နာရာသီဝပ်ပြည်နယ်မှာဗုံးခွဲတိုက်ခိုက်မှုတွေအပြီး ညမထွက်ရအမိန့်ထုတ်

Jan 12 • 2:37 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတောင်ပိုင်း၊ နာရာသီဝပ်ပြည်နယ်မှာဗုံးခွဲတိုက်ခိုက်မှုတွေအပြီး ညမထွက်ရအမိန့်ထုတ်

ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ် (Narathiwat) ပြည်နယ်အတွင်းမှာ ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် အဲဒီဒေသမှာ ညမထ...

ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ် (Narathiwat) ပြည်နယ်အတွင်းမှာ ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် အဲဒီဒေသမှာ ညမထွက်ရ(ကာဖြူး)အမိန့်ကို ချက်ချင်းထုတ်ပြန်လိုက်တယ်လို့ ထိုင်းစစ်တပ်က ဇန်နဝါရီ ၁၁ ရက်၊ မနေ့က ကြေညာလိုက်ပါတယ်။နာရာသီဝပ်ဒေသဆိုင်ရာ အထူးတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်တဲ့ အထက်ပါကြေညာချက်အရ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ နယ်မြေတည်ငြိမ်ရေးအတွက် လုပ်ငန်းစဉ်အတော်များများကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ထိုင်း-မလေးရှားနယ်စပ်ဂိတ်တွေကို အထူးတင်းကျပ် စစ်ဆေးသွားမှာဖြစ်သလို၊ နာရာသီဝပ်ပြည်နယ်အတွင်း ည ၉ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရအမိန့် ထုတ်ပြန်တာလည်း ပါဝင်ပါတယ်။

news-view-count-icon

36