back

ရခိုင်ရေလုပ်သားများ ငါး၊ ပုဇွန်များ ရောင်းချရန် ဈေးကွက်မရှိ၍ အဆင်မပြေဖြစ်နေဟုဆို

Jan 12 • 2:28 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ရေလုပ်သားများ ငါး၊ ပုဇွန်များ ရောင်းချရန် ဈေးကွက်မရှိ၍ အဆင်မပြေဖြစ်နေဟုဆို

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ပြီး ငါး၊ ပုဇွန် စသည့် ရေထွက်ပစ္စည်းများ ရွာဖွေခြင်း၊ မွေးမြူခြင်းလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတို့ကို အ...

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ပြီး ငါး၊ ပုဇွန် စသည့် ရေထွက်ပစ္စည်းများ ရွာဖွေခြင်း၊ မွေးမြူခြင်းလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ငါး၊ ပုဇွန် စသည့် ရခိုင်ရေထွက်ပစ္စည်းများကို ယခင်က ရန်ကုန်တိုင်းနှင့် ယင်းမှတစ်ဆင့် တရုတ်၊ အနောက်နိုင်ငံအချို့ကို တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ဆက်သွယ်ရေးပြတ်တောက်နေ၍ ရခိုင်ရေလုပ်သားများမှာ ငါး၊ ပုဇွန် ရောင်းချရန် ဈေးကွက် ပျောက်ဆုံးနေကြကြောင်း သိရသည်။ ဇွန်တွေ၊ ရေထွက်ပစ္စည်း အစုံပေါ့လေ။ ငါးခြောက်လည်းပါတယ်။ ရေလမ်း၊ ကုန်းလမ်းကနေ ရန်ကုန်မြို့ကို ယူလာတယ်။ ဒီမှာ ရေခဲအုပ် သိုလှောင်တယ်။ သေချာပြင်ဆင်ပြီး တရုတ်၊ အာဆီယံနိုင်ငံတွေပေါ့လေ။ အမေရိကထိ တင်ပို့ခဲ့တယ်။ အခု လမ်းတွေ ပိတ်ထားတော့ ကျနော်တို့လည်း ရခိုင်က ငါးတွေကို မဝယ်နိုင်ဘူးဖြစ်နေတယ်” ဟု ပြောသည်။

news-view-count-icon

36