မန်ချက်စတာယူနိုက်တက်အသင်းကတော့ အက်ဖ်အေဖလားတတိယအဆင့်ကနေ ထွက်ခွာခဲ့ရပြန်ပါပြီ ။ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာပါ ။ မန်ယူကစားသမားဟောင်း ဒန်နီဝဲလ်ဘက်က ၁ ဂိုးသွင်းခဲ့ပြန်ပါတယ် ။ ဝဲလ်ဘက်ကတော့ မန်ယူကနေထွက်ခွာအပြီးမှာ မန်ယူကိုတွေ့တိုင်းလိုလို ဂိုးတွေသွင်းနေခဲ့တာပါ ။ ဘာပဲဖြစ်ဖြစ် မန်ယူအသင်းကတော့ ပရီးမီးယားလိဂ်ကိုပဲ အပြည့်အဝအာရုံစိုက်ကစားရတော့မှာ ဖြစ်ပါတယ် ။
| 32 | 0 | 0 | 0 |


