နိုင်ငံပိုင် အီသီယိုးပီးယား လေကြောင်းလိုင်းသည် ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်ပါက အာဖရိက၏ အကြီးဆုံးလေဆိပ်ဖြစ်လာမည့် ဒေါ်လာ ၁၂.၅ ဘီလီယံတန် တည်ဆောက်ရေးစီမံကိန်းကို အီသီယိုးပီးယားနိုင်ငံ ဘစ်ရှော့တူ(Bishoftu) မြို့၌ စနေနေ့က တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။အဒစ်အာဘာဘာ (Addis Ababa) မြို့၏ အရှေ့တောင်ဘက် ၄၅ ကီလိုမီတာ (၂၈ မိုင်) ခန့်အကွာတွင် တည်ရှိသော အဆိုပါမြို့၌ ပြေးလမ်း ၄ ခုပါဝင်မည့် လေဆိပ်ကို ဒီဇိုင်းထုတ်ရန် နိုင်ငံပိုင်လေကြောင်းလိုင်းက ကန်ထရိုက်ရရှိခဲ့ခြင်းဖြစ်သည်။"ဘစ်ရှော့တူ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အာဖရိကသမိုင်းမှာ အကြီးမားဆုံး လေကြောင်းအခြေခံအဆောက်အအုံ စီမံကိန်း ဖြစ်လာမှာပါ" ဟု ဝန်ကြီးချုပ် အဘီ အာမက် အလီ (Abiy Ahmed Ali) က X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။ အဆိုပါလေဆိပ်တွင် လေယာဉ် အစီးရေ ၂၇၀ ရပ်နားရန် နေရာရှိမည်ဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် သန်း ၁၁၀ အထိ ဝန်ဆောင်မှုပေးနိုင်မည့် ပမာဏရှိမည်ဖြစ်သည်။



