မလေးရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်း ၁၁ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိ

Jan 11 • 4:28 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်း ၁၁ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိ

မလေးရှားနိုင်ငံတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ၌ အလုပ်လက်မဲ့နှုန်းမှာ ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာ ၎င်းသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း ၁၁ နှစ်တာကာလအတွင်း အနိမ့်ဆုံ...

မလေးရှားနိုင်ငံတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ၌ အလုပ်လက်မဲ့နှုန်းမှာ ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာ ၎င်းသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း ၁၁ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း စာရင်းအင်းဌာနက ထုတ်ပြန်လိုက်သည်။ နိုင်ငံအတွင်း အလုပ်အကိုင်ရှိသူ ၁၇ ဒသမ ၀၉ သန်းအထိ တိုးတက်လာပြီး အလုပ်လက်မဲ့ဦးရေမှာ ၅ သိန်းကျော်အထိ လျော့ကျသွားခဲ့သည့်အပြင်၊ မလေးရှားရင်းဂစ်ငွေတန်ဖိုးမှာလည်း ၂၀၂၅ ခုနှစ်အတွင်း ၉ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သဖြင့် အာရှတွင် စွမ်းဆောင်ရည်အကောင်းဆုံး ငွေကြေးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ စီးပွားရေးကောင်းမွန်မှုနှင့်အတူ ရင်းဂစ်တန်ဖိုးသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်သော တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၈ ရင်းဂစ်ဝန်းကျင်အထိ ရောက်ရှိခဲ့ကာ အလုပ်သမားဈေးကွက်မှာလည်း ဆက်လက်တည်ငြိမ်နေကြောင်း သိရှိရပါသည်။

news-view-count-icon

7